ဧသတာ 2:12-18
ဧသတာ 2:12-18 Judson Bible (JBMLE)
ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တစ်နှစ်စေ့သောအခါ တစ်ယောက်နောက်တစ်ယောက် အလှည့်သင့်သည်အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လပတ်လုံး မုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုး အစရှိသော စင်ကြယ်စေသော ဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု ပြီးသည်တိုင်အောင် ထိုမျှကာလကို လွန်စေရ၏။ ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။ ညဉ့်ဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယမိန်းမနန်းသို့ ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တစ်ဖန် အထံတော်သို့မဝင်ရ။ မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင်ထံသို့ ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတစ်ပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် ချစ်တတ်ကြ၏။ ထိုသို့ ရှင်ဘုရင်အာရွှေရုသည် နန်းစံခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊ အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။ ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီးသောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဖို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့်လျော်စွာ ဆုချတော်မူ၏။
ဧသတာ 2:12-18 Common Language Bible (BCL)
အမျိုးသမီးများအတွက် ပြုလုပ်နေကျ အလှပြုပြင်မှုမှာတစ်နှစ်မျှကြာလေ သည်။ သူတို့အားမုရန်ဆီဖြင့်ခြောက်လ၊ သစ်ဆီမွှေးဖြင့်နောက်ထပ်ခြောက်လနှိပ်နယ် ပေးရ၏။ ထိုနောက်အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ဇေရဇ်မင်း၏အထံတော်သို့ဝင်ကြရ သည်။- အလှည့်ကျသူသည်အပျိုတော်ဆောင်မှ နန်းတော်သို့သွားသောအခါ မိမိနှစ်သက် ရာအဝတ်အစားများကိုဝတ်ဆင်နိုင်၏။- သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။ အဘိဟဲလ၏သမီး၊ မော်ဒကဲ၏ဝမ်းကွဲ နှမနှင့်မွေးစားသမီး၊ မြင်သူတိုင်းချီးမွမ်း ခံရသည့်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရန်အလှည့်ရောက်သောအခါ အပျို တော်ဆောင်အုပ်၊ မိန်းမစိုးဟေဂဲအကြံ ပေးသည့်အဝတ်အစားကိုဝတ်ဆင်၍ သွားလေသည်။- ထို့ကြောင့်ဧသတာသည်ဇေရဇ်မင်းနန်းစံ သတ္တမနှစ်တေဗက်ခေါ်ဒသမလ၌ နန်း တော်အတွင်းဇေရဇ်မင်း၏ရှေ့တော်သို့ ရောက်ရှိသွား၏။- မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။- ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။
ဧသတာ 2:12-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အပျိုတော်တို့အတွက် အလှပြင်သောအချိန်မှာ မုရန်ဆီဖြင့်ခြောက်လ၊ အမွှေးနံ့သာနှင့် အလှပြင်ပစ္စည်းတို့ဖြင့် ခြောက်လဖြစ်၏။ သတ်မှတ်ထားသောအလှပြင်ချိန် တစ်ဆယ့်နှစ်လပြည့်ပြီးမှသာ အပျိုတော်တို့သည် အာရွှေရုမင်းကြီးထံသို့ အလှည့်ကျဝင်ကြရ၏။ ရှင်ဘုရင်ထံသို့ဝင်ရသောအခါ အပျိုတော်သည် အလိုရှိသမျှကိုတောင်းယူ၍ အပျိုတော်နန်းဆောင်မှ ဘုရင့်နန်းဆောင်သို့ ယူသွားခွင့်ရှိ၏။ နေဝင်ချိန်တွင် ရှင်ဘုရင်ထံဝင်၍ နံနက်ရောက်လျှင် ပြန်ထွက်လာပြီး ရံရွှေတော်ထိန်း ဘုရင့်နန်းတွင်းမိန်းမစိုးရှာရှဂါဇအုပ်ထိန်းသော နောက်မောင်းမဆောင်တစ်ခုတွင် နေရ၏။ ရှင်ဘုရင်နှစ်သက်၍ နာမည်နှင့်မခေါ်မချင်း ရှင်ဘုရင်ထံ ထပ်၍မဝင်ရ။ မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။ ဤသို့ဖြင့် အာရွှေရုမင်းကြီးနန်းစံ သတ္တမနှစ်၊ တေဗက်လဟုခေါ်သော ဒသမလတွင် ဧသတာကို ဘုရင့်နန်းဆောင်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။ ထို့နောက် ရှင်ဘုရင်သည် မှူးမတ်နှင့်မင်းမှုထမ်း အပေါင်းတို့ပါသော စားသောက်ပွဲကြီးကို ကျင်းပ၏။ ဤပွဲသည် ဧသတာအတွက်ကျင်းပသောပွဲဖြစ်၏။ မိမိပိုင်နက်တစ်ဝန်းလုံးတွင် ထိုနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်၍ တော်ဝင်လက်ဆောင်များကိုလည်း ရက်ရက်ရောရောပေးကမ်းလေ၏။