YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 1:1-22

ဧသတာ 1:1-22 Judson Bible (JBMLE)

အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊ ရှု​ရှန်​နန်း​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ နန်း​စံ​သုံး​နှစ်​တွင်၊ ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။ ထို​အ​ခါ နိုင်​ငံ​တော်​စည်း​စိမ်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို အ​ရက်​တစ်​ရာ​ရှစ်​ဆယ်​ပတ်​လုံး ပြ​တော်​မူ၏။ ထို​ကာ​လ​လွန်​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် ရှု​ရှန်​နန်း​တော်၌ စည်း​ဝေး​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​အ​ဖို့ နန်း​တော်​အ​နား ဥ​ယျာဉ်​တော်​ဝင်း​ထဲ​မှာ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။ ငွေ​ကွင်း​တပ်​သော ကျောက်​ဖြူ​တိုင်​တို့၌ မောင်း​သော ပိတ်​ချော​ကြိုး​ဖြင့် ဆွဲ​ကာ​သော ပိတ်​ချော​ကု​လား​ကာ အ​ဖြူ​အ​စိမ်း​အ​ပြာ တို့​နှင့်​လည်း​ကောင်း၊ ခင်း​သော​ကျောက်​ပြား အ​နီ​အ​ပြာ​အ​ဖြူ​အ​နက်​တို့ အ​ပေါ်​မှာ​ထား​သော ရွှေ​ငွေ အ​နေ​အ​ထိုင်​တို့​နှင့်​လည်း​ကောင်း ဥ​ယျာဉ်​တော်​သည် ပြည့်​စုံ၏။ ရှင်​ဘု​ရင်​စည်း​စိမ်​နှင့် လျော်​စွာ ထူး​ခြား​သော​ရွှေ​ဖ​လား​တို့​နှင့် များ​စွာ​သော စ​ပျစ်​ရည်​ကို သောက်​ကြ၏။ စ​ပျစ်​ရည် သောက်​ခြင်း​အ​မှု​သည် တ​ရား​အ​တိုင်း ဖြစ်၏။ အ​ဘယ်​သူ​ကို​မျှ အ​နိုင်​မ​သောက်​စေ၊ လူ​အ​ပေါင်း​တို့​သည် ကိုယ်​အ​လို​အ​လျောက် ပြု​ကြ​မည်​အ​ကြောင်း၊ နန်း​တော်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင် မိန့်​တော်​မူ၏။ မိ​ဖု​ရား​ဝါ​ရှ​တိ​သည်​လည်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု နန်း​တော်​သား မိန်း​မ​တို့​အ​ဖို့ ပွဲ​လုပ်​လေ၏။ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ဆင်း​လှ​သော​ကြောင့်၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ရှင်​ဘု​ရင်​သည် စ​ပျစ်​ရည်​သောက်၍ ရွှင်​လန်း​သော​စိတ်​ရှိ​သော​အ​ခါ၊ မိ​ဖု​ရား အ​ဆင်း​လှ​ခြင်း အ​သ​ရေ​ကို မင်း​များ​နှင့်​လူ​များ​တို့​အား ပြ​လို​သော​ငှာ၊ မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ရာ​ဇ​သ​ရ​ဖူ​ဆောင်း​စေ၍၊ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တည်း​ဟူ​သော အ​မှု​တော်​ထမ်း မိန်း​မ​စိုး​ခု​နစ်​ယောက်​တို့​ကို မိန့်​တော်​မူ၏။ သို့​ရာ​တွင် မိန်း​မ​စိုး​ဆင့်​ဆို​သော အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​သည် ငြင်း​ဆန်၍ မ​လာ​ဘဲ​နေ၏။ ထို​ကြောင့် ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်၍၊ ဒေါ​သ​မီး​လောင်​လျက် နေ​တော်​မူ၏။ ထို​အ​ခါ ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ​မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊ မိန်း​မ​စိုး​ဆင့်​ဆို​သော ငါ​ရှင်​ဘု​ရင်​အာ​ရွှေ​ရု အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဓ​မ္မ​သတ်​အ​တိုင်း သူ၌ အ​ဘယ်​သို့ စီ​ရင်​ရ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ မ​မု​ကန်​က၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး​ကို​သာ ပြစ်​မှား​သည် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အာ​ရွှေ​ရု အ​စိုး​ရ​တော်​မူ​သော တိုင်း​ပြည်​အ​ရပ်​ရပ်၌ ရှိ​သော မင်း​များ​နှင့် ဆင်း​ရဲ​သား​များ အ​ပေါင်း​တို့​ကို ပြစ်​မှား​ပါ​ပြီ။ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ခေါ်၍၊ မိ​ဖု​ရား​မ​လာ​ဟု အ​နှံ့​အ​ပြား ပြော​ကြ​သ​ဖြင့်၊ မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ခပ်​သိမ်း​သော​မိန်း​မ​တို့​သည် ကြား၍ မိ​မိ​တို့​ခင်​ပွန်း​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​ပါ​လိမ့်​မည်။ မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ပေ​ရ​သိ၊ မေ​ဒိ မင်း​က​တော်​တို့​သည် ကြား​သိ​ကြ​လျှင်၊ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​အား ထို​နည်း​တူ ပြန်​ပြော​သ​ဖြင့်၊ အား​မ​နာ တတ်​သော​စိတ်၊ ဒေါ​သ​စိတ် တိုး​ပွား​စ​ရာ​အ​ကြောင်း ရှိ​ပါ​လိမ့်​မည်။ ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး အာ​ရွှေ​ရု​ထံ​တော်​သို့ နောက်​တစ်​ဖန် မ​ဝင်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် မ​ဝင်​စေ​နှင့်​ဟု မိန့်​တော်​မူ​ပါ။ မ​ပြောင်း​လဲ​နိုင်​သော အ​မိန့်​တော်​ရှိ​စေ​ခြင်း​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဓ​မ္မ​သတ်၌​သွင်း၍ ရေး​စေ​တော်​မူ​ပါ။ ဝါ​ရှ​တိ​ထက် ကောင်း​သော မိန်း​မ​ကို​လည်း မိ​ဖု​ရား​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပါ။ သို့​ပြု​လျှင် ရှင်​ဘု​ရင်​ပေး​တော်​မူ​သော အ​မိန့်​တော်​ကို ကျယ်​ဝန်း​သော နိုင်​ငံ​တော်​တစ်​လျှောက်​လုံး ကြော်​ငြာ​သော​အ​ခါ၊ မိန်း​မ​အ​ပေါင်း​တို့​သည် ကိုယ်​ခင်​ပွန်း အ​ယုတ်​အ​မြတ်​တို့​ကို ရို​သေ​ကြ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ရှေ့​မှာ လျှောက်​ထား၏။ ထို​စ​ကား​ကို ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် နှစ်​သက်၍ မ​မု​ကန်​လျှောက်​သည်​အ​တိုင်း ရှင်​ဘု​ရင်​ပြု​လျက်၊ လူ​တိုင်း မိ​မိ​အိမ်​ကို အုပ်​စိုး​ရ​မည်​အ​ကြောင်း၊ မိ​မိ​လူ​မျိုး​စ​ကား​ကို ပြော​ရ​မည်​အ​ကြောင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည် ဘာ​သာ​စ​ကား အ​သီး​အ​သီး​ကို အ​နက်​ပြန်၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ၏။

ဧသတာ 1:1-22 Common Language Bible (BCL)

ဇေ​ရဇ်​မင်း​သည်​ပေ​ရ​သိ​ပြည်​ရှု​ရှန်​မြို့​တော် ရာ​ဇ​ပလ္လင်​ထက်​နန်း​စံ​၍​အိန္ဒိ​ယ​ပြည်​မှ​သည် ဆူ​ဒန်​ပြည်​တိုင်​အောင် တစ်​ရာ​နှစ်​ဆယ့်​ခု​နစ် ပြည်​နယ်​တို့​ကို​အုပ်​စိုး​တော်​မူ​၏။ သူ​သည်​နန်း​စံ​တ​တိ​ယ​နှစ်​၌​မိ​မိ​၏​မှူး​မတ် များ​နှင့် မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​အား စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​တော် မူ​၏။ ထို​ပွဲ​သို့​ပေ​ရ​သိ​နှင့်​မေ​ဒိ​တပ်​မ တော်​များ၊ ပြည်​နယ်​ဘု​ရင်​ခံ​များ​နှင့်​မှူး မတ်​များ​လည်း​တက်​ရောက်​ကြ​လေ​သည်။- သူ​သည်​မိ​မိ​နန်း​တော်​၏​စည်း​စိမ်​နှင့်​ဘုန်း အ​သ​ရေ​ကို ခြောက်​လ​တိုင်​တိုင်​ခင်း​ကျင်း ပြ​သ​ထား​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။- ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။- မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။- အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ လူ​တိုင်း​အ​လို​ရှိ သ​လောက်​သောက်​သုံး​နိုင်​စေ​ရန် နန်း​တော် အ​စေ​ခံ​တို့​အား​မိန့်​မှာ​ထား​တော်​မူ​၏။ ထို​အ​တော​အ​တွင်း​၌​ဝါ​ရှ​တိ​မိ​ဖု​ရား​သည် လည်း​နန်း​တွင်း​၌ အ​မျိုး​သ​မီး​များ​အား​စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​လျက် နေ​ပေ​သည်။ ပွဲ​တော်​သတ္တ​မ​နေ့​ရက်​ရောက်​သော​အ​ခါ မင်း ကြီး​သည်​စ​ပျစ်​ရည်​သောက်​၍​ရွှင်​လန်း​သော အ​ခါ အ​ပါး​တော်​မြဲ​မိန်း​မ​စိုး​ခု​နစ်​ယောက် ဖြစ်​ကြ​သော​မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တို့ ကို​ခေါ်​ယူ​ကာ၊- မိ​ဖု​ရား​ဝါ​ရှ​တိ​အား​ရာ​ဇ​သ​ရ​ဖူ​ဆောင်း စေ​၍ ရှေ့​တော်​သို့​သွင်း​ရန်​အ​မိန့်​ပေး​တော် မူ​၏။ မိ​ဖု​ရား​သည်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​သူ​၏​အ​ဆင်း ကို​မှူး​မတ်​များ​နှင့်​ဧည့်​သည်​တော်​အ​ပေါင်း တို့​အား​ပြ​စား​လို​ပေ​သည်။- သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။ ဘု​ရင်​တို့​မည်​သည် ငြိမ်​ဝပ်​ပိ​ပြား​ရေး​ဆိုင် ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ်​သက်​၍ တ​ရား ဥ​ပ​ဒေ​သ​ကျွမ်း​ကျင်​သူ​တို့​၏​အ​ကြံ ဉာဏ်​ကို​တောင်း​ခံ​ကြ​စ​မြဲ​ဖြစ်​သည်​နှင့် အ​ညီ မင်း​ကြီး​သည်​ဤ​အ​မှု​ကိစ္စ​တွင် အ​ဘယ်​သို့​ဆောင်​ရွက်​သင့်​သည်​ကို​မေး မြန်း​ရန်​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​ကို ခေါ်​ယူ​တော်​မူ​၏။- မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။- မင်း​ကြီး​က​သူ​တို့​အား``ငါ​ဇေ​ရဇ်​မင်း သည်​ငါ​၏​အ​စေ​ခံ​တို့​ကို​ဝါ​ရှ​တိ​မိ ဖု​ရား​ထံ​သို့​စေ​လွှတ်​၍ ငါ​၏​အ​မိန့်​ကို ဆင့်​ဆို​စေ​ရာ​သူ​သည်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ပါ။ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား တရား​ဥ​ပ​ဒေ​အ​ရ​အ​ဘယ်​သို့​ပြု​သင့် ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​မ​မု​ကန်​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​အား``ဝါ​ရှ​တိ​မိ​ဖု​ရား​သည်​ဘု​ရင် မင်း​မြတ်​ကို​သာ​လျှင်​စော်​ကား​သည်​မ​ဟုတ် ပါ။ ဘု​ရင့်​မှူး​ကြီး​မတ်​ရာ​တို့​ကို​လည်း​စော် ကား​ပေ​သည်။ အ​ကယ်​စင်​စစ်​သူ​သည်​အင် ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စော်​ကား​ပါ​၏။- အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။- မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။- အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။- အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။ မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည် ဤ​စ​ကား​ကို နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​မ​မု​ကန်​အ​ကြံ​ပေး​သည့် အ​တိုင်း​ပြု​တော်​မူ​၏။- သူ​သည်​မိ​မိ​၏​နယ်​ပယ်​ရှိ​သ​မျှ​တို့​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​၍ ဒေ​သ​ဆိုင်​ရာ​ဘာ သာ​စ​ကား​ဖြင့်``ခင်​ပွန်း​ဖြစ်​သူ​သည် မိ​မိ​အိမ် ထောင်​တွင်​ဦး​စီး​ခေါင်း​ဆောင်​ဖြစ်​စေ​ရ​မည်။ သူ​၏​စ​ကား​ကို​မ​လွန်​ဆန်​ရ'' ဟူ​၍​အ​မိန့် ထုတ်​ပြန်​တော်​မူ​၏။

ဧသတာ 1:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာရွှေရု​မင်းကြီး​လက်ထက်​တွင် ဖြစ်ပျက်​သော​အရာ​များ​ကား ဤသို့​ဖြစ်​၏​။ အာရွှေရု​မင်းကြီး​သည် အိန္ဒိယ​ပြည်​မှ​အီသီယိုးပီးယား​ပြည်​တိုင်အောင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​ကို စိုးစံ​လေ​၏​။ ထို​ကာလ​တွင် အာရွှေရု​မင်းကြီး​သည် ရှုရှန်​နန်းတော် ရာဇပလ္လင်​ထက်​တွင် နန်းထိုင်​၏​။ နန်းစံ​တတိယ​နှစ်​တွင် မင်းကြီး​သည် မိမိ​၏​မှူးမတ်​နှင့် မင်းမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ကို​ကျင်းပ​လေ​၏​။ ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​စစ်သည်ဗိုလ်ပါ​များ​၊ ပြည်တကာ​တို့​မှ မင်းညီမင်းသား​များ​နှင့် မှူးမတ်​များ​လည်း သူ​နှင့်အတူ ပွဲခံ​ကြ​၏​။ ထို​ပွဲ​တွင် မင်းကြီး​သည် မိမိ​နိုင်ငံ​တော်​၏​ဘုန်း​စည်းစိမ်​၊ မိမိ​၏​ကြီးမြတ်​သော​ဂုဏ်​အရှိန်အဝါ​တို့​ကို ရက်ပေါင်း​တစ်ရာ့​ရှစ်ဆယ်​တိုင်တိုင် ရက်​များစွာ​ခင်းကျင်း​ပြသ​လေ​၏​။ ထို​နေ့ရက်​စေ့​ပြီးနောက် မင်းကြီး​သည် ရှုရှန်​နန်းတော်​အတွင်း အကြီးဆုံး​မှစ၍​အငယ်ဆုံး​တိုင်အောင် ရှိသမျှ​လူ​အပေါင်း​တို့​အတွက် ဘုရင့်​နန်းတော်​ဥယျာဉ်​ဝင်း​တွင် ခုနစ်​ရက်​တိုင်တိုင်​စားသောက်ပွဲ​ကျင်းပ​ပေး​၏​။ အဖြူရောင်​၊ အပြာရောင်​ချည်ချော​ကန့်လန့်ကာ​တို့​ကို ခရမ်းရောင်​ချည်ချော​ကြိုး​တို့​ဖြင့် ချည်​၍​ငွေ​ကွင်း​တပ်​ထား​သော​စကျင်ကျောက်​တိုင်​၌ ချည်ဆွဲ​ထား​၏​။ ကျောက်နီ​၊ စကျင်ကျောက်​၊ ကျောက်ဖြူ​၊ ကျောက်နက်​တို့​ခင်း​ထား​သော​တလင်းပြင်​ပေါ်တွင် ရွှေ​ညောင်စောင်း​၊ ငွေ​ညောင်စောင်း​များ ခင်းကျင်း​ထား​၏​။ စပျစ်ဝိုင်​ကို ရွှေ​ခွက်​များ​ဖြင့်​တိုက်​၏​။ ရွှေ​ခွက်​များ​မှာ​လည်း တစ်ခွက်​နှင့်​တစ်ခွက်​မတူ​။ မင်းကြီး​သည် တော်ဝင်​စပျစ်ဝိုင်​ကို ရက်ရက်ရောရော အလျှံပယ်​တိုက်​၏​။ လူတိုင်း စပျစ်ဝိုင်​ကို စိတ်တိုင်းကျ​သောက်​ခွင့်​ပြု​ရန် နန်းတော်​အရာရှိ​အပေါင်း​တို့​အား မှာကြား​ထား​သည်​ဖြစ်​၍ ထို​အမိန့်​တော်​အတိုင်း လွတ်လွတ်လပ်လပ် သောက်​ရ​ကြ​၏​။ မိဖုရား​ဝါရှတိ​သည်​လည်း အာရွှေရု​မင်းကြီး​၏​တော်ဝင်​နန်းတွင်း​တွင် မောင်းမမိဿံ​များ​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် အာရွှေရု​မင်းကြီး​သည် စပျစ်ဝိုင်​အရှိန်​ကြောင့် စိတ်မြူး​လာ​ပြီး မိမိ​ရှေ့​တော်​၌​ခစား​သော မိန်းမစိုး​ခုနစ်​ဦး​ဖြစ်​ကြ​သည့် မဟုမန်​၊ ဗိဇသ​၊ ဟာဗောန​၊ ဗိဂသ​၊ အဗာဂသ​၊ ဇေသာ​နှင့် ကာကက် တို့​ကို​ခေါ်​၍ မိဖုရား​ဝါရှတိ​၏​အလှ​ကို လူ​အများ​နှင့်​မှူးမတ်​များ​ရှေ့​တွင် ပွဲထုတ်​ပြသ​ရန် သူ့​အား တော်ဝင်​သရဖူ​ဆောင်း​စေ​၍ ဘုရင့်​ရှေ့​တော်​သို့​ခေါ်လာ​စေ​၏​။ မိဖုရား​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​သူ​ဖြစ်​၏​။ သို့သော် မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့်​မိန့်မှာ​လိုက်​သည့် ရှင်ဘုရင်​အမိန့်​ကို​ငြင်းဆန်​ပြီး မ​လာ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် အမျက်ထွက်​၍ ဒေါသ​မီး​တောက်လောင်​လေ​၏​။ ရှင်ဘုရင်​သည် ဥပဒေ​စီရင်ထုံး​ကို​နားလည်​သူ​အပေါင်း​တို့​နှင့် တိုင်ပင်​လေ့​ရှိ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် ကာလ​ဒေသ​ကို​သိနားလည်​သော ပညာရှိ​အမတ်​များ​နှင့် ဆွေးနွေးတိုင်ပင်​လေ​၏​။ ရှင်ဘုရင်​ရှေ့​တော်​တွင် ခစား​ရ​ပြီး နိုင်ငံ​တော်​၌ အမြင့်ဆုံး​ရာထူး​ရရှိ​ထား​သူ​၊ ရှင်ဘုရင်​နှင့်​အနီးကပ်​နေ​ရ​သူ​များ​မှာ ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​အကြီးအကဲ​ခုနစ်​ဦး​ဖြစ်​သော ကာရှေန​၊ ရှေသာ​၊ အာဒမာသ​၊ တာရှု​၊ မေရက်​၊ မာသေန​၊ မမုကန်​တို့​ဖြစ်​ကြ​၏​။ ရှင်ဘုရင်​က သူ​တို့​အား “​မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့် အာရွှေရု​မင်းကြီး​မိန့်မှာ​သည့်​အမိန့်​ကို​မ​နာခံ​သောကြောင့် သူ့​အား ဥပဒေ​အရ မည်သို့​ပြု​ရ​မည်နည်း​”​ဟု မေး​၏​။ ထိုအခါ မမုကန်​က ရှင်ဘုရင်​နှင့် မှူးမတ်​တို့​ရှေ့​တွင် “​မိဖုရား​ဝါရှတိ​သည် အရှင်မင်းကြီး​ကို​သာ ငြင်းဆန်​သည်​မ​ဟုတ်​။ မှူးမတ်​အားလုံး​နှင့် အရှင်မင်းကြီး​အာရွှေရု​၏​ပြည်​တစ်ပြည်လုံး​ရှိ ပြည်သူပြည်သား​အားလုံး​တို့​ကို​လည်း ဆန့်ကျင်​လေ​ပြီ​။ မိဖုရား​၏​အပြုအမူ​ကို မိန်းမ​အပေါင်း​တို့​ကြားသိ​လျှင် ‘အာရွှေရု​မင်းကြီး​သည် မိဖုရား​ဝါရှတိ​ကို ရှေ့မှောက်​သို့ အခစားဝင်​စေ​သည်​ကို​ပင် သူ​မ​ဝင်’​ဟု ပြောဆို​ကြ​ပြီး ကိုယ့်​ခင်ပွန်း​ကို မထီမဲ့မြင်ပြု​ကြ​လိမ့်မည်​။ ယနေ့​လည်း မိဖုရား​၏​အပြုအမူ​ကို​ကြားသိ​ကြ​သော ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​အကြီးအကဲ​ကတော်​တို့​သည် အရှင်မင်းကြီး​ခန့်ထား​သော​အကြီးအကဲ​အပေါင်း​တို့​ကို ထို​အတိုင်း ပြောဆို​ဆက်ဆံ​ကြ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ မထီလေးစားပြု​ခြင်း​နှင့် အမျက်ထွက်​ခြင်း​တို့ များပြား​လာ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် မိဖုရား​ဝါရှတိ​သည် အာရွှေရု​မင်းကြီး​ရှေ့​တော်​သို့​မည်သည့်​အခါ​မျှ အခစား​မ​ဝင်​ရ​ဟု ရာဇ​အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။ သူ့​အရိုက်အရာ​ကို သူ့​ထက်​သာ​သော​အခြားသူ​တစ်​ယောက်​အား အရှင်မင်းကြီး​လွှဲပေး​တော်မူ​ပါ​။ ဤ​အမိန့်​ကို​ပယ်ဖျက်​၍​မ​ရ​အောင် ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​တို့​၏​ဥပဒေ​တွင် ရေးမှတ်​စေ​တော်မူ​ပါ​။ အရှင်မင်းကြီး​ချမှတ်​သော​အမိန့်​ကို ကျယ်ပြော​လှ​သော​နိုင်ငံ​တစ်ဝန်းလုံး​သို့ ကြေညာ​လျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမ​အပေါင်း​တို့​သည် ကိုယ့်​ယောက်ျား​ကို ကိုယ်​ရိုသေနာခံ​ကြ​လိမ့်မည်”​ဟု လျှောက်တင်​လေ​၏​။ ထို​စကား​ကို ရှင်ဘုရင်​နှင့်​မှူးမတ်​တို့ သဘောကျ​နှစ်သက်​သဖြင့် ရှင်ဘုရင်​သည် မမုကန်​ပြော​သည့်​အတိုင်း ပြု​၏​။ ယောက်ျား​တိုင်း ကိုယ့်​အိမ်ထောင်​ကို​ဦးစီး​ရ​မည်​။ ကိုယ့်​လူမျိုး​၏​ဘာသာစကား​ကို​သာ ပြောဆို​ရ​မည် ဟူသော​အမိန့်စာ​ကို နယ်မြေဒေသ​အလိုက် သူ့​စာပေ​၊ သူ့​လူမျိုး​၏​ဘာသာစကား​အတိုင်း ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အားလုံး​သို့ ပေးပို့​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။