YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 6:11-16

ဧဖက် 6:11-16 Judson Bible (JBMLE)

မာရ်​နတ်၏ ပ​ရိ​ယာယ်​တို့​ကို တား​ဆီး​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ဝတ်​ဆောင်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။- ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။- သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊- ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။- မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။

ဧဖက် 6:11-16 Common Language Bible (BCL)

မာရ်​နတ်​၏​ပ​ရိ​ယာယ်​များ​ကို​ခု​ခံ​ကာ​ကွယ်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ဝတ်​ဆင်​ကြ​လော့။- ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ကိုင် ဆောင်​ကြ​လော့။ သို့​မှ​သာ​လျှင်​ခဲ​ယဉ်း​ဆိုး ယုတ်​ရာ​ကာ​လ​ကျ​ရောက်​လာ​ချိန်​၌ သင်​တို့ သည်​ရန်​သူ​၏​တိုက်​စစ်​ကို​ခု​ခံ​ကာ​ကွယ် နိုင်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင်​တိုက်​ခိုက် ပြီး​သော​အ​ခါ​၌​သင်​တို့​သည်​ရပ်​တည် နိုင်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​အ​သင့်​ရှိ​နေ​ကြ​လော့။ သစ္စာ​တ​ရား တည်း​ဟူ​သော​ခါး​ပန်း​ကြိုး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော​ရင်​အုပ်​တန် ဆာ​ကို​လည်း​ကောင်း၊- ငြိမ်း​ချမ်း​ရေး​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် အ​သင့်​ရှိ​ခြင်း​တည်း​ဟူ​သော​ဖိ​နပ်​ကို​လည်း ကောင်း​ဝတ်​ဆင်​ကြ​လော့။- ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။

ဧဖက် 6:11-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် မာရ်နတ်​၏​လျှို့ဝှက်​သော​အကြံအစည်​များ​ကို ခုခံ​တားဆီး​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​လော့။ အကြောင်းမူကား ငါ​တို့​သည် အသွေး​အသား​ရှိ​သော​သူ​ကို ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်ချုပ်မှု​များ၊ အာဏာစက်​များ၊ ဤ​လောကီ​မှောင်မိုက်​ခြင်း​ကို အစိုးတရ​ပြု​သော​မင်း​များ၊ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့် ဆိုးညစ်​သော​ဝိညာဉ်​တန်ခိုး​များ​နှင့် ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။ ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။ သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ ခြေ​၌ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​အတွက် အသင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်တည်​ကြ​လော့။ ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။