YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:20-33

ဧဖက် 5:20-33 Judson Bible (JBMLE)

ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။ ခ​ရစ်​တော်​ကို ခန့်​ညား​သော​အား​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် ကိုယ်​ကို နှိမ့်​ချ​လျက် နေ​ကြ​လော့။- အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။- အ​သင်း​တော်​သည် ခ​ရစ်​တော်၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ မိန်း​မ​တို့​လည်း ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို အ​ရာ​ရာ၌ ဝန်​ခံ​ရ​ကြ​မည်။- အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။- ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။- ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။- ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။- အ​ကယ်​စင်​စစ် ငါ​တို့​သည် သ​ခင်​ဘု​ရား၏ အ​သား​တော်၊ အ​ရိုး​တော်​တို့​အ​ဝင်​ဖြစ်၍၊ ကိုယ်​တော်​မြတ်၏ အင်္ဂါ​ဖြစ်​ကြ၏။- ထို​အ​ကြောင်း အ​ကြောင့်​ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက် တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။- ဤ​အ​ရာ​သည် အ​လွန်​နက်​နဲ​သော​အ​ရာ ဖြစ်​ပေ၏။ ထို​သို့​ငါ​ဆို​သော်၊ ခ​ရစ်​တော်​နှင့် အ​သင်း​တော်​ကို ရည်​မှတ်၍​ဆို​သ​တည်း။- သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။

ဧဖက် 5:20-33 Common Language Bible (BCL)

ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။ ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။ မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။- ခ​ရစ်​တော်​သည်​အ​သင်း​တော်​အ​ပေါ်​သြ​ဇာ​အာ​ဏာ ရှိ​သ​ကဲ့​သို့ လင်​သည်​မိ​မိ​ခင်​ပွန်း​အ​ပေါ်​သြ​ဇာ အာ​ဏာ​ရှိ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​ဖြစ် သော​အ​သင်း​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။- သို့​ဖြစ်​၍​အ​သင်း​တော်​သည်​ခရစ်​တော်​၏​အုပ်​စိုး ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့ မ​ယား​တို့​သည်​လည်း​လင် တို့​၏​အုပ်​စိုး​ခြင်း​ကို​အ​ကြွင်း​မဲ့​ခံ​ယူ​ရ​ကြ​မည်။ လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။- ကိုယ်​တော်​သည်​မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​ခြင်း မှာ​အ​သင်း​တော်​ကို​ရေ​ဖြင့်​သန့်​ရှင်း​စေ​ပြီး​လျှင် နှုတ်​က​ပတ်​တော်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​တော်​မူ​သ​ဖြင့်၊- အ​သင်း​တော်​ကို​မိ​မိ​အား​ဆက်​သ​တော်​မူ​ရာ ၌​အ​ညစ်​အ​ကြေး​အ​စွန်း​အ​ကွက်​မ​ရှိ၊ သန့်​ရှင်း ဖြူ​စင်​အ​ပြစ်​ကင်း​လျက်​လှ​ပ​တင့်​တယ်​သော အ​သ​ရေ​နှင့်​ပြည့်​စုံ​နိုင်​စေ​ရန်​ပင်​ဖြစ်​သည်။- လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။- (အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သည်​ဟူ​၍ မ​ရှိ။ မုန်း​မည့်​အ​စား​သူ​သည်​မိ​မိ​ကိုယ်​ကို​ကျွေး မွေး​ပြု​စု​၏။ အ​သင်း​တော်​အား​ခ​ရစ်​တော် ကျွေး​မွေး​ပြု​စု​တော်​မူ​သ​ကဲ့​သို့​တည်း။- ငါ​တို့​သည်​ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​ကြ​၏။-) ကျမ်း​စာ​တော်​တွင်၊ ``ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိဘ​ထံ​မှ ထွက်​ခွာ​၍​မ​ယား​နှင့်​စုံ​ဖက်​သ​ဖြင့်၊ သူ​တို့​နှစ်​ဦး​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြ​ရ​လိမ့်​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။- ဤ​ကား​အ​လွန်​နက်​နဲ​သော​သစ္စာ​စ​ကား​ဖြစ် ၍ ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​စူး​၍ ဆို​သော​စ​ကား​ဖြစ်​သည်​ဟု​ငါ​ဆို​၏။- သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။

ဧဖက် 5:20-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။ ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။ ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ အကြောင်းမူကား ခရစ်တော်​သည် အသင်းတော်​တည်းဟူသော​ကိုယ်ခန္ဓာ​တော်​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​ပြီး ထို​အသင်းတော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​သကဲ့သို့ ခင်ပွန်းသည်​သည်​လည်း ဇနီးသည်​၏​ဦးခေါင်း​ဖြစ်​၏။ အသင်းတော်​သည် ခရစ်တော်​ကို​နာခံ​သကဲ့သို့ ဇနီးသည်​တို့​သည်​လည်း အရာရာ​၌ ခင်ပွန်းသည်​ကို​နာခံ​ကြ​ရ​မည်။ ခင်ပွန်းသည်​တို့၊ ခရစ်တော်​သည် အသင်းတော်​ကို​ချစ်​၍ အသင်းတော်​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သည့်​နည်းတူ ဇနီးသည်​ကို ချစ်​ကြ​လော့။ ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့် အစွန်းအထင်း၊ အတွန့်အရှုံ့​မှစ၍ ထိုသို့သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဘဲ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သည့် ဂုဏ်သရေ​ရှိ​သော​အသင်းတော်​ကို မိမိ​အား​ဆက်သ​နိုင်​ရန်​အတွက်​ဖြစ်​၏။ ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မိမိ​ကိုယ်ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ၍ တစ်ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခရစ်တော်​သည် အသင်းတော်​အား​ပြု​တော်မူ​သကဲ့သို့ လူတိုင်း မိမိ​ကိုယ်ခန္ဓာ​ကို​ပြုစု​ပျိုးထောင်​၍ ယုယ​မြတ်နိုး​တတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဆိုင်ရာ အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။ ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​သည် အလွန်​လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ ထိုသို့ဆိုသော် ခရစ်တော်​နှင့်​အသင်းတော်​ကို​ရည်ညွှန်း​၍ ငါ​ဆို​၏။ မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။