YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:1-21

ဧဖက် 5:1-21 Judson Bible (JBMLE)

ထို​သို့​သင်​တို့​သည် ဘု​ရား​သ​ခင်၏ ချစ်​သား​ဖြစ်​ကြ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ကျင့်​တော်​မူ​သည် နည်း​တူ ကျင့်​ကြ​လော့။- ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။ မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။- မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။- မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ညစ်​ညူး​စွာ ပြု​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ၌ အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့ သိ​ကြ၏။- လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။- ထို​ကြောင့် သူ​တို့​နှင့် ဆက်​ဆံ၍ မ​ကျင့်​ကြ​နှင့်။- အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။- သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။- အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။- အ​ပြစ်​ထင်​ရှား​သော​အ​ရာ ရှိ​သ​မျှ​တို့​သည် အ​လင်း​ဖြင့် ထင်​ရှား​ကြ၏။ ထင်​ရှား​စေ​တတ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း အ​လင်း​ဖြစ်၏။- ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။ ထို​ကြောင့် ပ​ညာ​မဲ့​ကဲ့​သို့​မ​ဟုတ်၊ ပ​ညာ​ရှိ​ကဲ့​သို့ စေ့​စေ့​မြေ့​မြေ့ ကျင့်​ဆောင်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။- ယ​ခု နေ့​ရက်​ကာ​လ​တို့​သည် ဆိုး​ယုတ်​သော​ကြောင့် ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။- ထို​ကြောင့် သ​တိ​မ​ရှိ​သော​သူ​မ​ဖြစ်၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​ရှိ​ရာ​ကို ပိုင်း​ခြား၍ သိ​သော​သူ ဖြစ်​ကြ​လော့။- လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။- ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။- ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။ ခ​ရစ်​တော်​ကို ခန့်​ညား​သော​အား​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် ကိုယ်​ကို နှိမ့်​ချ​လျက် နေ​ကြ​လော့။

ဧဖက် 5:1-21 Common Language Bible (BCL)

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။- ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။- ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။- ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။) အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။- ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။- အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မှောင်​မိုက်​တွင် နေ​ထိုင်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​မူ​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​လာ​ကြ သ​ဖြင့်​အ​လင်း​သို့​ရောက်​ရှိ​ကြ​လေ​ပြီ။ သို့ ဖြစ်​၍​အ​လင်း​၌​ကျင်​လည်​သူ​များ​ကဲ့​သို့ ပြု​ကျင့်​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ကောင်း မြတ်​ခြင်း​အ​မျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နှင့် အ​မှန်​တ​ရား​တို့​ကို​ဖြစ်​ပွား​စေ​သော​ကြောင့် ဖြစ်​၏။- သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​ကြိုး​စား ၍​သင်​ယူ​ကြ​လော့။- မှောင်​မိုက်​တွင်​ကျင်​လည်​သူ​တို့​ပြု​သည့်​အ​ကျိုး မဲ့​သော​အ​မှု​များ​ကို​မ​ပြု​ဘဲ ယင်း​အ​မှု​တို့ ကို​အ​လင်း​သို့​ဖော်​ထုတ်​ကြ​လော့။- (ဤ​သူ​တို့​ဆိတ်​ကွယ်​ရာ​တွင်​ပြု​ကျင့်​သည့် အ​မှု​များ​ကို​ဖော်​ပြ​ရန်​ပင်​အ​လွန်​ရှက်​စ​ရာ ကောင်း​၏။-) အ​လင်း​သို့​ဖော်​ထုတ်​ခြင်း​ခံ​ရ​သည့်​အ​ရာ​ဟူ သ​မျှ​သည် မိ​မိ​တို့​၏​ပင်​ကို​သ​ဘော​ပေါ်​၍ လာ​လေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။ သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။- ဤ​နေ့​ရက်​ကာ​လ​သည်​ဆိုး​ယုတ်​သော​ကာ​လ​ဖြစ် သော​ကြောင့် သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​အ​ရေး​ရှိ သ​မျှ​ကို​အ​ကျိုး​ရှိ​အောင်​အ​သုံး​ပြု​ကြ​လော့။- ထို့​ကြောင့်​သင်​တို့​သည်​မိုက်​မဲ​၍​မ​နေ​ဘဲ သ​ခင် ဘု​ရား​၏​အ​လို​တော်​ကို​ကြိုး​စား​၍​ရှာ​ကြ​လော့။ သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။- တစ်​ဦး​နှင့်​တစ်​ဦး​စ​ကား​ပြော​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း၊ ဋ္ဌမ္မ​သီ​ချင်း​နှင့်​ဘာ​သာ​ရေး​သီ ချင်း​များ​မှ​စ​ကား​များ​ဖြင့်​ပြော​ဆို​ကြ​လော့။ စိတ်​နှ​လုံး​အ​တွင်း​၌​သ​ခင်​ဘု​ရား​အား​ထော မ​နာ​ပြု​လျက် ဋ္ဌမ္မ​သီ​ချင်း​များ​နှင့်​ဆာ​လံ သီ​ချင်း​များ​ကို​သီ​ဆို​ကူး​အေး​ကြ​လော့။- ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။ ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။

ဧဖက် 5:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။ မဖွယ်မရာ​ပြုမူ​ခြင်း၊ မိုက်မဲ​စွာ​ပြောဆို​ခြင်း​နှင့် ညစ်ညမ်း​သော​ပြက်လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်လျော်​သဖြင့် ရှောင်ရှား​၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​သူ၊ ညစ်ညူး​သော​သူ၊ ရုပ်တု​ကိုးကွယ်​သူ​ဖြစ်​သော လောဘ​လွန်ကျူး​သူ​တစ်စုံတစ်ဦး​မျှ ခရစ်တော်​နှင့်​ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်​ခံရ​မည်​မ​ဟုတ်​ကြောင်း ကောင်းစွာ​သိမှတ်​ကြ​လော့။ အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ ထို့ကြောင့် သူ​တို့​နှင့်အတူ ပေါင်းဖော်​ခြင်း​မ​ပြု​ကြ​နှင့်။ အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။ သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​ကြ​လော့။ အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။ အကြောင်းမူကား ဆိတ်ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အရာ​များ​ကို ပြောဆို​ရန်​ပင် ရှက်ဖွယ်​ကောင်း​၏။ သို့သော် အလင်း​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ခံရ​သော​အရာ​အားလုံး​သည် ထင်ရှား​လာ​၏။ အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။ ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍ နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။ သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။ အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို အချင်းချင်း​မြွက်ဆို​လျက် သခင်​ဘုရား​ထံသို့ သင်​တို့​၏​စိတ်နှလုံး​ထဲမှ သီဆို​ကျူးဧ​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။ ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။