YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:7-13

ဧဖက် 4:7-13 Judson Bible (JBMLE)

သို့​သော်​လည်း ခ​ရစ်​တော်​သည် ဆု​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည် ကျေး​ဇူး​တော်​ကို အ​သီး​အ​သီး ကိုယ်​စီ​ခံ​ရ​ကြ​ပြီ။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ၌​လာ​သည်​ကား၊ မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို ဖမ်း​သွား​တော်​မူ၍၊ လူ​တို့​အား ဆု​လာဘ်​များ​ကို ပေး​တော်​မူ​သည်​ဟု လာ​သ​တည်း။- တက်​ကြွ​တော်​မူ​သည်​ဟု ဆို​သော်၊ အ​စ​စွာ မြေ​ကြီး​အောက်​အ​ရပ်​သို့ ဆင်း​သက်​တော်​မူ​ကြောင်း​ကို ရည်​မှတ်၍​ဆို​သည် မ​ဟုတ်​လော။- ဆင်း​သက်​တော်​မူ​သော​သူ​သည် အ​ခြား​သော​သူ မ​ဟုတ်၊ အ​လုံး​စုံ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော ကောင်း​ကင်​တို့၏အ​ထွတ်​ကို လွန်၍ တက်​ကြွ​တော်​မူ​သော သူ​ဖြစ်​သ​တည်း။ ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊- သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။- ငါ​တို့​ရှိ​သ​မျှ​သည် ယုံ​ကြည်​ခြင်း​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​သား​တော်​ကို သိ​ကျွမ်း​ခြင်း​သို့​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း​ရောက်၍ ခ​ရစ်​တော်၏ ပြည့်​စုံ​ခြင်း​ပ​မာ​ဏ အ​ရပ်​တည်း​ဟူ​သော ကြီး​ရင့်​သော လူ​တို့၏​အ​ဖြစ်​သို့ ရောက်​ကြ​သည်​တိုင်​အောင် ဖြစ်​သ​တည်း။

ဧဖက် 4:7-13 Common Language Bible (BCL)

ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။- ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါ မိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။ လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။'' ကိုယ်​တော်​တက်​ကြွ​တော်​မူ​သည်​ဆို​ရာ​၌ အ​ဘယ် ကို​ဆို​လို​ပါ​သ​နည်း။ ကိုယ်​တော်​သည်​အ​နိမ့်​ဆုံး အ​ရပ်​မြေ​ကြီး​သို့ ဦး​စွာ​ဆင်း​သက်​တော်​မူ​သည် ဟု​ဆို​လို​ပေ​သည်။- သို့​ဖြစ်​၍​ဆင်း​သက်​တော်​မူ​သော​အ​ရှင်​ကား စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​တွင်​ရှိ​တော်​မူ​ရန် မိုး ကောင်း​ကင်​ဘ​ဝဂ်​သို့​တက်​ကြွ​တော်​မူ​သော အ​ရှင်​ပေ​တည်း။- လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။- ထို့​ကြောင့်​ငါ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ ကျွမ်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​တို့​ရ​ရှိ သ​မျှ​သည်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​လျက် ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​ပ​မာ​ဏ​အ​တိုင်း ရင့်​ကျက်​သည့်​သူ​များ​အ​ဖြစ်​သို့​ရောက်​ကြ ပေ​အံ့။

ဧဖက် 4:7-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ငါ​တို့​တစ်​ဦး​စီ​သည် ခရစ်တော်​ပေး​တော်မူ​သော ကောင်းချီး​လက်ဆောင်​၏​ပမာဏ​အတိုင်း ကျေးဇူး​တော်​ကို​ခံစားရ​ကြ​၏။ ထို့ကြောင့် “ကိုယ်တော်​သည် မြင့်​သော​အရပ်​သို့ တက်​သွား​တော်မူ​သောအခါ ချုပ်နှောင်​ထား​သော​သူ​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​၍ လူ​တို့​အား လက်ဆောင်​များ​ကို​ပေး​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ (တက်​သွား​တော်မူ​သောအခါ​ဟု​ဆို​ရာ​တွင် မြေကြီး​အောက်​အရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်မူ​ခဲ့​ကြောင်း​ကို ဆိုလို​ခြင်း​မ​ဟုတ်​လျှင် မည်သည့်​အရာ​ဖြစ်​ဦး​မည်နည်း။ ကြွ​ဆင်း​တော်မူ​ခဲ့​သော​အရှင်​ကိုယ်တိုင်​သည် အရာ​ခပ်သိမ်း​တို့​ကို ပြည့်စုံ​စေရန် ကောင်းကင်​အထပ်ထပ်​တို့​အပေါ်​သို့ တက်​သွား​တော်မူ​သော​အရှင်​လည်း ဖြစ်​တော်မူ​၏။) ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။ ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။