YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 4:7-13

ဧဖက်ဩဝါဒစာ 4:7-13 MSBU

သို့သော် ငါ​တို့​တစ်​ဦး​စီ​သည် ခရစ်တော်​ပေး​တော်မူ​သော ကောင်းချီး​လက်ဆောင်​၏​ပမာဏ​အတိုင်း ကျေးဇူး​တော်​ကို​ခံစားရ​ကြ​၏။ ထို့ကြောင့် “ကိုယ်တော်​သည် မြင့်​သော​အရပ်​သို့ တက်​သွား​တော်မူ​သောအခါ ချုပ်နှောင်​ထား​သော​သူ​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​၍ လူ​တို့​အား လက်ဆောင်​များ​ကို​ပေး​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ (တက်​သွား​တော်မူ​သောအခါ​ဟု​ဆို​ရာ​တွင် မြေကြီး​အောက်​အရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်မူ​ခဲ့​ကြောင်း​ကို ဆိုလို​ခြင်း​မ​ဟုတ်​လျှင် မည်သည့်​အရာ​ဖြစ်​ဦး​မည်နည်း။ ကြွ​ဆင်း​တော်မူ​ခဲ့​သော​အရှင်​ကိုယ်တိုင်​သည် အရာ​ခပ်သိမ်း​တို့​ကို ပြည့်စုံ​စေရန် ကောင်းကင်​အထပ်ထပ်​တို့​အပေါ်​သို့ တက်​သွား​တော်မူ​သော​အရှင်​လည်း ဖြစ်​တော်မူ​၏။) ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။ ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။