YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:17-24

ဧဖက် 4:17-24 Judson Bible (JBMLE)

ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။- ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။- ထို​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ၊ တပ်​မက်​ခြင်း အ​လွန်​ပြင်း​သည်​နှင့် ညစ်​ညူး​သော​အ​ကျင့် အ​မျိုး​မျိုး​ကို ကြိုး​စား၍ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ၏။- ထို​သို့​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​သည် ခ​ရစ်​တော်​တ​ရား​ကို သင်​ကြ​ပြီ​မ​ဟုတ်​ဘဲ၊- အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။

ဧဖက် 4:17-24 Common Language Bible (BCL)

သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​မဲ့​သူ​များ​နည်း တူ​ဆက်​လက်​မ​ကျင့်​ကြံ​ကြ​ရန် သ​ခင်​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ငါ​သ​တိ​ပေး လို​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကား အ​ချည်း​နှီး​သာ​ဖြစ်​သည်။- သူ​တို့​သည်​ဉာဏ်​အ​လင်း​ကွယ်​၍​အ​သိ​တ​ရား လုံး​ဝ​ကင်း​မဲ့​လျက်​ခေါင်း​မာ​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​ချ​မှတ်​ပေး​တော်​မူ​သော​အ​သက်​နှင့် ကင်း​ကွာ​လျက်​ရှိ​ကြ​၏။- ရှက်​ကြောက်​စိတ်​လုံး​ဝ​မ​ရှိ​တော့​သ​ဖြင့်​သူ​တို့ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ကာ ညစ်​ညမ်း​သော​အ​ကျင့် အ​မျိုး​မျိုး​တို့​ကို​အ​ချုပ်​အ​ချယ်​မ​ရှိ​ပြု​ကျင့် ကြ​ပေ​သည်။ ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။- ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။- သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။- သင်​တို့​သည်​စိတ်​သစ်​သ​ဘော​သစ်​ကို​ခံ​ယူ​ကြ ရ​မည်။- ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း ခြင်း​ကို​ခံ​ရ​၍ သမ္မာ​တ​ရား​ဆိုင်​ရာ​ဖြောင့်​မတ် သန့်​ရှင်း​သူ​လူ​သစ်​ဖြစ်​ကြ​ရ​မည်။

ဧဖက် 4:17-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။ ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် ရှက်ကြောက်​စိတ်​ကင်းမဲ့​လျက် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ကို အလွန်​တပ်မက်​သော​စိတ်​နှင့်​ပြုမူ​၍ မိမိတို့ကိုယ်ကို ကာမဂုဏ်​လိုက်စား​ခြင်း​လက်​သို့ အပ်လိုက်​ကြ​၏။ သို့သော် သမ္မာတရား​သည် ယေရှု​၌​ရှိ​သည်​နှင့်အညီ သင်​တို့​သည် ခရစ်တော်​အကြောင်း​ကို​ကြားနာ​လျက် ကိုယ်တော်​၌ သွန်သင်​ခြင်း​ကို​ခံယူ​ခဲ့​သည်​မှန်​လျှင် ခရစ်တော်​၌ ထိုသို့​နည်းခံ​ခဲ့​ကြ​သည်​မ​ဟုတ်။ သင်​တို့​သည် လှည့်ဖြား​တတ်​သော​တပ်မက်​ခြင်း​များ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်းဟူသော ယခင်​က အသက်ရှင်​နေထိုင်​မှု​ကို ချွတ်ပယ်​၍ သင်​တို့​၏​စိတ်နှလုံး​သဘော အသစ်​ပြုပြင်​ခြင်း​ခံရ​ကာ သမ္မာတရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​သန့်ရှင်း​ခြင်း​တို့​ဖြင့် ဘုရားသခင်​၏​သဏ္ဌာန်​တော်​နှင့်အညီ ဖန်ဆင်း​ခြင်း​ခံရ​သော​လူ​သစ်​ကို​ဝတ်ဆင်​ရန် နည်းခံ​ခဲ့​ကြ​၏။