YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 4:17-24

ဧဖက်ဩဝါဒစာ 4:17-24 MSBU

ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။ ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် ရှက်ကြောက်​စိတ်​ကင်းမဲ့​လျက် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ကို အလွန်​တပ်မက်​သော​စိတ်​နှင့်​ပြုမူ​၍ မိမိတို့ကိုယ်ကို ကာမဂုဏ်​လိုက်စား​ခြင်း​လက်​သို့ အပ်လိုက်​ကြ​၏။ သို့သော် သမ္မာတရား​သည် ယေရှု​၌​ရှိ​သည်​နှင့်အညီ သင်​တို့​သည် ခရစ်တော်​အကြောင်း​ကို​ကြားနာ​လျက် ကိုယ်တော်​၌ သွန်သင်​ခြင်း​ကို​ခံယူ​ခဲ့​သည်​မှန်​လျှင် ခရစ်တော်​၌ ထိုသို့​နည်းခံ​ခဲ့​ကြ​သည်​မ​ဟုတ်။ သင်​တို့​သည် လှည့်ဖြား​တတ်​သော​တပ်မက်​ခြင်း​များ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်းဟူသော ယခင်​က အသက်ရှင်​နေထိုင်​မှု​ကို ချွတ်ပယ်​၍ သင်​တို့​၏​စိတ်နှလုံး​သဘော အသစ်​ပြုပြင်​ခြင်း​ခံရ​ကာ သမ္မာတရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​သန့်ရှင်း​ခြင်း​တို့​ဖြင့် ဘုရားသခင်​၏​သဏ္ဌာန်​တော်​နှင့်အညီ ဖန်ဆင်း​ခြင်း​ခံရ​သော​လူ​သစ်​ကို​ဝတ်ဆင်​ရန် နည်းခံ​ခဲ့​ကြ​၏။