YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 3:9-13

ဧဖက် 3:8-13 Judson Bible (JBMLE)

စစ်၍​မ​ကုန်​နိုင်​သော ခ​ရစ်​တော်၏ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုံး​စုံ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၌ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော ထို​နက်​နဲ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော သာ​သ​နာ​သည် အ​ဘယ်​သို့ ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော ငါ​အား ထို​ကျေး​ဇူး​တော်​ကို ပေး​တော်​မူ​ပြီ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။- ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့်​တိုး​ဝင်၍ အ​သ​နား​တော်​ခံ​ရ​သော အ​ခွင့်​ကို​ရ​ကြ​ပြီ။- ထို​ကြောင့် သင်​တို့၏​အ​သ​ရေ​ကို ပြု​စု၍ သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​မြင်​လျှင်၊ ရွေ့​လျော့​သော စိတ်​မ​ရှိ​ကြ​ပါ​စေ​နှင့်။

ဧဖက် 3:9-13 Common Language Bible (BCL)

ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ထာ​ဝ​ရ​အ​ကြံ အ​စည်​တော်​နှင့်​အ​ညီ ငါ​တို့​အ​ရှင်​ခ​ရစ် တော်​ယေ​ရှု​အား​ဖြင့်​ယင်း​သို့​စီ​မံ​တော်​မူ သ​တည်း။- ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ထံ​တော်​သို့​ရဲ​ဝံ့​ယုံ​ကြည်​စိတ်​ချ​စွာ​ချဉ်း​ကပ် ခွင့်​ကို​ရ​ရှိ​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​အ​တွက်​ငါ​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကြောင့်​သင်​တို့​စိတ်​မ​ပျက်​ကြ နှင့်။ သင်​တို့​၏​အ​ကျိုး​အ​တွက်​ငါ​ခံ​ရ​ခြင်း ဖြစ်​ပေ​သည်။

ဧဖက် 3:9-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အရာ​ခပ်သိမ်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​၌ ရှေး​ကာလ​များ​မှစ၍ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​နှင့်ဆိုင်သော စီမံ​ခန့်ခွဲ​မှု​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို လူ​အပေါင်း​တို့​တွင် သိသာ​ထင်ရှား​စေရန်​ဖြစ်​၏။ ဤသည်ကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌ ပြီးပြည့်စုံ​သော​ထာဝရ​အကြံအစည်​တော်​နှင့်အညီ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော အာဏာစက်​များ​နှင့်​အုပ်ချုပ်မှု​များ​အား ယခု​အခါ​တွင် အသင်းတော်​အားဖြင့် ဘုရားသခင်​၏​အမျိုးမျိုး​အဖုံဖုံ​သော​ဉာဏ်ပညာ​တော်​ကို သိ​စေရန်​ဖြစ်​၏။ ထို​သခင်​ကို​ယုံကြည်​ခြင်း​အားဖြင့် ရဲရင့်​ခြင်း​ကို​လည်းကောင်း၊ ယုံကြည်​စိတ်ချ​စွာ​ဖြင့် အထံ​တော်​သို့​တိုးဝင်​ခွင့်​ကို​လည်းကောင်း ကိုယ်တော်​၌ ငါ​တို့​ရရှိ​ကြ​၏။ သို့ဖြစ်၍ သင်​တို့​အတွက် ငါ​ခံရ​သော​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်းပန်​၏။ ထို​အရာ​များ​သည် သင်​တို့​၏​ဂုဏ်သရေ​ဖြစ်​၏။