အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကာလများမှစ၍ ဝှက်ထားခြင်းခံရသည့် လျှို့ဝှက်နက်နဲသောအရာနှင့်ဆိုင်သော စီမံခန့်ခွဲမှုသည် မည်သည့်အရာဖြစ်သည်ကို လူအပေါင်းတို့တွင် သိသာထင်ရှားစေရန်ဖြစ်၏။ ဤသည်ကား ငါတို့၏သခင်ခရစ်တော်ယေရှု၌ ပြီးပြည့်စုံသောထာဝရအကြံအစည်တော်နှင့်အညီ အထက်ကောင်းကင်အရပ်၌ရှိသော အာဏာစက်များနှင့်အုပ်ချုပ်မှုများအား ယခုအခါတွင် အသင်းတော်အားဖြင့် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို သိစေရန်ဖြစ်၏။ ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။ သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
ဧဖက်ဩဝါဒစာ 3 ကိုဖတ်ပါ။
နားထောင်ပါ။ ဧဖက်ဩဝါဒစာ 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧဖက်ဩဝါဒစာ 3:9-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို