YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 2:2-22

ဧဖက် 2:1-22 Judson Bible (JBMLE)

သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။- ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။- သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ကို ထ​မြောက်​စေ၍ ကောင်း​ကင်​အ​ရပ်၌ နေ​ရာ​ပေး​တော်​မူ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။- ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။- ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။ ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊- ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။- သင်​တို့​သည် အ​ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။- ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊- ကိုယ်​တော်၌ ထို​လူ​နှစ်​စု​တို့​ကို လူ​သစ်​တစ်​ဦး တစ်​ကိုယ်​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပြင်​ဆင်၍၊ တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပြီး​သော ထို​လူ​နှစ်​စု​တို့​ကို၊ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် ရန်​ကို သတ်​ဖြတ်​လျက်၊ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​မည်​အ​ကြောင်း​တည်း။- ထို​ခ​ရစ်​တော်​သည်​လည်း ကြွ​လာ၍၊ ဝေး​လျက်​ရှိ​သော သင်​တို့​အား​လည်း​ကောင်း၊ နီး​လျက်​ရှိ​သော ငါ​တို့​အား​လည်း​ကောင်း၊ ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။- ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။ ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။- ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။- ထို​ဗိ​မာန်​တော်၌​လည်း၊ ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ကျိန်း​ဝပ်​တော်​မူ​ခြင်း​အ​လို​ငှာ၊ သင်​တို့​သည် ငါ​တို့​နှင့်​အ​တူ တည်​ဆောက်​လျက်​ရှိ​ကြ၏။

ဧဖက် 2:2-22 Common Language Bible (BCL)

လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။- အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊- ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ထို​အ​ရှင်​နှင့်​အ​တူ​ကောင်း​ကင် လော​က​တွင်​စိုး​စံ​ခွင့်​ကို​ပေး​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- သင်​တို့​သည်​ယုံ​ကြည်​သော​အား​ဖြင့်​ကျေး​ဇူး တော်​ကြောင့်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သင်​တို့ ၏​ကြိုး​စား​အား​ထုတ်​မှု​ရ​လဒ်​ကြောင့်​ခံ​ကြ​ရ သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော ဆု​ဖြစ်​၍​အ​ဘယ်​သူ​မျှ​ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။- ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဘု​ရား​သ​ခင်​စီ​မံ​ထား​တော်​မူ သော​အ​ကျင့်​ကောင်း​များ​ကို​ပြု​ကျင့်​စေ​ရန် ဘု​ရား သ​ခင်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​ပေ​သည်။ ဇာ​တိ​အ​လျောက်​လူ​မျိုး​ခြား​ဖြစ်​ကြ​သော​သင် တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​များ​ဟု ယု​ဒ​အ​မျိုး​သား​များ​က​ခေါ်​ကြ​၏။ ယု​ဒ အ​မျိုး​သား​များ​က မိ​မိ​တို့​ကိုယ်​ကို​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​များ​ဟု​ခေါ်​ကြ​၏။ (အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ဟု​ဆို​ရာ​၌​ကိုယ် ကာ​ယ​နှင့်​ဆိုင်​သော​အ​မှု​ဖြစ်​သည်။) အ​ထက် က​သင်​တို့​၏​အ​ခြေ​အ​နေ​ကို​သ​တိ​ရ ကြ​လော့။- ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ခ​ရစ်​တော်​နှင့် ကင်း​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ​မျိုး ခြား​များ​ဖြစ်​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ သော​လူ​စု​တော်​တွင်​ပါ​ဝင်​ခွင့်​မ​ရ​ကြ။ မိ​မိ​၏ လူ​စု​တော်​အား ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​များ​ပေါ်​တွင်​အ​ခြေ​ပြု​သည့်​ပ​ဋိ ညာဉ်​တ​ရား​နှင့်​မ​သက်​ဆိုင်​ကြ။ ဤ​လော​က တွင်​မျှော်​လင့်​ရာ​မဲ့​ဘု​ရား​မဲ့​ခဲ့​ရ​၏။- သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ပြီ​ဖြစ်​သ​ဖြင့် ယ​ခင် က​ဝေး​လျက်​နေ​ခဲ့​ကြ​သော​သင်​တို့​သည်​ခ​ရစ် တော်​အ​သေ​ခံ​တော်​မူ​ခြင်း​ကြောင့် အ​ပါး​တော် သို့​ရောက်​ကြ​ရ​လေ​ပြီ။- ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ မျိုး​ခြား​တို့​ကို လူ​မျိုး​တစ်​မျိုး​တည်း​ဖြစ်​စေ တော်​မူ​လျက် ငါ​တို့​အား​ရန်​ငြိမ်း​မှု​ကို​ပေး​တော် မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​အား ဖြင့် ငါ​တို့​အား​ရန်​သူ​များ​အ​ဖြစ်​ပိုင်း​ခြား ထား​သည့်​တံ​တိုင်း​ကို​ဖြို​ဖျက်​တော်​မူ​၏။- ကိုယ်​တော်​သည်​ဥ​ပ​ဒေ​စည်း​မျဉ်း​များ​နှင့်​တ​ကွ ယု​ဒ​ပ​ညတ်​တ​ရား​ကို​ပယ်​ဖျက်​တော်​မူ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ​မျိုး​ခြား​တို့​အား မိ​မိ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက်​လူ မျိုး​အ​သစ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​သည်။ ဤ​နည်း အား​ဖြင့်​ရန်​ငြိမ်း​မှု​ကို​ပေး​တော်​မူ​၏။- ခ​ရစ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​ခြင်း​ဖြင့် သူ​တို့​အ​ချင်း​ချင်း​၏​ရန်​ကို ဖယ်​ရှား​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​အား​ဖြင့်​လူ မျိုး​နှစ်​စု​ကို​တစ်​စု​တည်း​ဖြစ်​စေ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ​၏။- သို့​ဖြစ်​၍​ယ​ခင်​ဘု​ရား​သ​ခင်​နှင့်​ဝေး​လျက်​နေ ခဲ့​သော​သင်​တို့​လူ​မျိုး​ခြား​များ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​နီး​ခဲ့​သူ​ယု​ဒ​အ​မျိုး​သား​များ အား​လည်း​ကောင်း ခ​ရစ်​တော်​သည်​ကြွ​လာ​တော်​မူ​၍ ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​တော်​မူ​၏။- လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။ သို့​ဖြစ်​၍​သင်​တို့​သည်​လူ​မျိုး​ခြား​မ​ဟုတ်၊ သူ စိမ်း​တစ်​ရံ​ဆံ​လည်း​မ​ဟုတ်​ကြ​တော့​ပေ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ​ပြည် တော်​သား​များ၊ ကိုယ်​တော်​၏​အိမ်​ထောင်​စု​သား များ​ဖြစ်​ကြ​လေ​ပြီ။- သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။- ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။- သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။

ဧဖက် 2:2-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာကာသ​နှင့်ဆိုင်သော​အာဏာစက်​ကို စွဲကိုင်​အုပ်ချုပ်​သူ​တည်းဟူသော နာခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ၌ ယခု​အလုပ်​လုပ်​နေ​သည့် ဝိညာဉ်​အလို​အတိုင်း ဤ​လောက​၏​လမ်းစဉ်​နှင့်အညီ ထို​အပြစ်​များ​တွင် အသက်ရှင်​လျှောက်လှမ်း​ခဲ့​ကြ​၏။ ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။ သို့သော် ကရုဏာ​တော်​နှင့်​ကြွယ်ဝ​တော်မူ​သော​ဘုရားသခင်​သည် ငါ​တို့​ကို​ချစ်​တော်မူ​သည့် ကြီးမား​သော​မေတ္တာ​တော်​အားဖြင့် ကျူးလွန်​သော​အပြစ်​များ​၌ သေ​နေ​သော​ငါ​တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်​စေ​တော်မူ​၏။ (သင်​တို့​သည် ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။) ထို့နောက် ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ကို ကိုယ်တော်​နှင့်အတူ​ထမြောက်​စေ​၍ အထက်​ကောင်းကင်​အရပ်​၌ ကိုယ်တော်​နှင့်အတူ​ထိုင်​စေ​တော်မူ​၏။ ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် ကျေးဇူး​တော်​ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏။ မိမိ​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။ ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။ ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။ သို့သော် တစ်ချိန်က ဝေးကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယခု​အခါ ခရစ်တော်​ယေရှု​၌ ခရစ်တော်​၏​သွေး​တော်​အားဖြင့် အနီး​သို့​ရောက်​ရ​ကြ​ပြီ။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​သင့်မြတ်​ငြိမ်းချမ်း​ခြင်း​အကြောင်း​ဖြစ်​တော်မူ​၍ ငါ​တို့​နှစ်မျိုးစလုံး​ကို တစ်မျိုးတည်း​ဖြစ်​စေ​ပြီး ပိုင်းခြား​သော​ရန်ငြိုး​တံတိုင်း​ကို ဖြိုဖျက်​ကာ စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ လက်ဝါးကပ်တိုင်​တွင် ရန်ငြိုး​ကို​သုတ်သင်​ပြီး လက်ဝါးကပ်တိုင်​အားဖြင့် ငါ​တို့​နှစ်မျိုးစလုံး​ကို ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် တမန်တော်​များ​နှင့်​ပရောဖက်​များ​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​ခံရ​ကြ​၍ ခရစ်တော်​ယေရှု​ကိုယ်တော်​တိုင် ထောင့်ချုပ်​ကျောက်​ဖြစ်​တော်မူ​၏။ ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။ သင်​တို့​သည်​လည်း ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​ကိန်းဝပ်​တော်မူ​ရာ​အဖြစ်​သို့ ထို​သခင်​၌ အတူတကွ​တည်ဆောက်​ခြင်း​ခံရ​ကြ​၏။