YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 7:8-12

ဒေသနာ 7:8-12 Judson Bible (JBMLE)

အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။ အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။ ရှေး​ကာ​လ​သည် ယ​ခု​ကာ​လ​ထက် အ​ဘယ်​ကြောင့် သာ၍​ကောင်း​သ​နည်း​ဟု မ​မေး​နှင့်။ ထို​သို့​မေး​လျှင်၊ ပ​ညာ​တ​ရား​အ​တိုင်း မေး​သည်​မ​ဟုတ်။ ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။

ဒေသနာ 7:8-12 Common Language Bible (BCL)

အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။ ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။ ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။ အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။

ဒေသနာ 7:8-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အမှုအရာ​၏​အဆုံး​သည် ၎င်း​၏​အစ​ထက် ပို၍​ကောင်း​၏​။ သည်းခံ​သော​စိတ်​သည် ထောင်လွှား​သော​စိတ်​ထက် ပို၍​ကောင်း​၏​။ အမျက်​ဒေါသ​သည် မိုက်မဲ​သော​သူ​တို့​၏​ရင်ခွင်​ထဲ၌ ကိန်းအောင်း​တတ်​သည်​ဖြစ်၍ သင့်​စိတ်​ထဲတွင် အမျက်​ဒေါသ အလျင်စလို​မ​ထွက်​ပါစေ​နှင့်​။ ယခင်​နေ့ရက်​များ​သည် ယခု​နေ့ရက်​များ​ထက် အဘယ်ကြောင့် ပို၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်​။ အကြောင်းမူကား ထိုသို့​မေးမြန်း​ခြင်း​သည် ဉာဏ်ပညာ​မှ​လာ​သည်​မ​ဟုတ်​။ ဉာဏ်ပညာ​သည် အမွေ​ဥစ္စာ​နှင့်အမျှ​ကောင်းမြတ်​၍ နေ​ကို​မြင်​သော​သူ​တို့​အတွက် အကျိုးရှိ​၏​။ အကြောင်းမူကား ငွေ​သည် အကာအကွယ်​ဖြစ်​သကဲ့သို့ ဉာဏ်ပညာ​သည် အကာအကွယ်​ဖြစ်​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​အား အသက်ရှင်​စေ​တတ်​၏​။ ဤသည်ကား အသိပညာ​၏​အကျိုး​ဖြစ်​၏​။