YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 6:5-9

တရားဟောရာ 6:5-9 Judson Bible (JBMLE)

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။ ထို​စ​ကား​ကို​လည်း သင်၏​လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​မည်။ အိမ်​တံ​ခါး၊ မြို့​တံ​ခါး​တို့၌ လည်း​ရေး​ထား​ရ​မည်။

တရားဟောရာ 6:5-9 Common Language Bible (BCL)

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။- ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပ​ညတ်​တော် များ​ကို မည်​သည့်​အ​ခါ​မျှ​မ​မေ့​နှင့်။- ထို​ပ​ညတ်​များ​ကို သင်​တို့​၏​သား​သ​မီး​တို့ အား​သွန်​သင်​ရ​မည်။ အိမ်​၌​ရှိ​သည့်​အ​ခါ ဖြစ်​စေ၊ နား​နေ​သည့်​အ​ခါ​ဖြစ်​စေ၊ အ​လုပ် လုပ်​သည့်​အ​ခါ​ဖြစ်​စေ ထို​ပညတ်​တော်​များ ကို​သွန်​သင်​ရ​မည်။- ထို​ပ​ညတ်​များ​ကို​သ​တိ​ရ​နေ​စေ​ရန် သင် တို့​၏​လက်​မောင်း​၌​လည်း​ကောင်း၊ န​ဖူး​၌ လည်း​ကောင်း​ချည်​ထား​ရ​မည်။- သင်​တို့​၏​အိမ်​တံခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​တို့ တွင် ထို​ပ​ညတ်​တော်​များ​ကို​ရေး​ထား​ရ​မည်။''

တရားဟောရာ 6:5-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။ ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ဤ​နှုတ်ကပတ်တော်​တို့​ကို နှလုံးသွင်း​ရ​မည်​။ သင်​တို့​၏​သားသမီး​တို့​အား ကြိုးစားသွန်သင်​ရ​မည်​။ သင်​တို့​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။ သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​အဖြစ် ချည်​ထား​ရ​မည်​။ သင်​တို့​၏​မျက်မှောင်​၌ အမှတ်သင်္ကေတ​အဖြစ် ရှိ​စေ​ရ​မည်​။ သင်​တို့​၏​အိမ်​တံခါးတိုင်​များ​၊ မြို့​တံခါး​များ​၌ ရေးသား​ထား​ရ​မည်​။