YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 6:10-12

တရားဟောရာ 6:10-12 Judson Bible (JBMLE)

သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊ ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ သင့်​ကို​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။

တရားဟောရာ 6:10-12 Common Language Bible (BCL)

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ထား​တော်​မူ​သည်​အ​တိုင်း သင်​တို့​ကိုယ်​တိုင် မ​တည်​ဆောက်​သည့်​စည်​ပင်​သာ​ယာ​သော မြို့​ကြီး​များ​ကို သင်​တို့​အား​ပေး​တော်​မူ မည်။- သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊- ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ် ဆောင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​ရန်​သ​တိ​ပြု​ကြ​လော့။

တရားဟောရာ 6:10-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အား​ပေး​မည်​ဟု သင်​တို့​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​တော်မူ​၍ သင်​တို့​မ​တည်ဆောက်​ဘဲ တည်ဆောက်​ပြီးသား သာယာဝပြော​သော​မြို့​ကြီး​များ​၊ သင်​တို့​မ​စုဆောင်း​ဘဲ စုဆောင်း​ပြီးသား​ကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့်​ပြည့်​နေ​သော​အိမ်​များ​၊ သင်​တို့​မ​တူး​ဘဲ တူး​ပြီး​သား​ရေတွင်း​များ​၊ သင်​တို့​မ​စိုက်​ဘဲ စိုက်​ပြီး​သား စပျစ်ခြံ​များ​နှင့်​သံလွင်ခြံ​များ​ကို သင်​တို့​ရရှိ​ပြီး ဝလင်​စွာ စား​ရ​သောအခါ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော ထာဝရဘုရား​ကို မ​မေ့လျော့​မည့်​အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြု​လော့​။