YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 34:1-12

တရားဟောရာ 34:1-12 Judson Bible (JBMLE)

ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊ နဿ​လိ​ပြည်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည်​နှင့်​တ​ကွ အ​ဝေး​ဆုံး​သော ပင်​လယ်​တိုင်​အောင်၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၊ တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ကျိန်​ဆို၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု က​တိ​ထား​သော​ပြည်​ကို ကြည့်​လော့။ သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး၏။ သို့​ရာ​တွင် ကူး၍​မ​သွား​ရ​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထာ၀​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထာ၀​ရ​ဘု​ရား၏​ကျွန် မော​ရှေ​သည် မော​ဘ​ပြည်၊ ထို​အ​ရပ်၌​အ​နိ​စ္စ​ရောက်၍၊ ဗက်​ပေ​ဂု​ရ​မြို့​တစ်​ဖက်၊ မော​ဘ​ပြည်၊ တစ်​စုံ​တစ်​ခု​သော​ချိုင့်၌ သင်္ဂြိုဟ်​တော်​မူ၏။ မော​ရှေ၏​သင်္ချိုင်း​ကို ယ​နေ့​တိုင်​အောင် အ​ဘယ်​လူ​မျှ မ​သိ​ရာ။ မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​အ​ခါ အ​သက်​တစ်​ရာ​နှစ်​ဆယ် ရှိ၏။ သူ၏​မျက်​စိ မ​မှုန်​သေး။ ခွန်​အား​လည်း မ​လျော့​သေး။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။ မော​ရှေ​အ​တွက် ငို​ကြွေး​မြည်​တမ်း​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​သည် အ​ထက်​က မော​ရှေ၏​လက်​တင်​မင်္ဂ​လာ​ကို ခံ​ရ​သ​ဖြင့်၊ ပ​ညာ​သ​ဘော​နှင့် ပြည့်​စုံ​သော​သူ​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု၏​စ​ကား​ကို​နား​ထောင်​လျက်၊ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။

တရားဟောရာ 34:1-12 Common Language Bible (BCL)

ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊- န​ဿ​လိ​ပြည်​နယ်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​ပြည်​နယ်​များ၊ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ ကျယ်​ပြန့်​သော​ယု​ဒ​ပြည်​နယ်၊- ယု​ဒ​ပြည်​နယ်​တောင်​ပိုင်း၊ ဇော​ရ​မြို့​မှ​စွန် ပ​လွံ​ပင်​မြို့​ဟု​ခေါ်​တွင်​သော ယေ​ရိ​ခေါ​မြို့ အ​ထိ​ကျယ်​ပြန့်​သည့်​လွင်​ပြင်​မှ​စ​၍ တစ် ပြည်​လုံး​ကို​မော​ရှေ​အား​ပြ​တော်​မူ​၏။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ ပြည်​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား ပေး​မည်​ဟု​ငါ​က​တိ ထား​သော​ပြည်​ဖြစ်​သည်။ ယ​ခု​ဤ​ပြည်​ကို သင်​ကြည့်​ရှု​လော့။ သို့​ရာ​တွင်​ဤ​ပြည်​ကို သင်​မ​ဝင်​ရ'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​သည် မော​ဘ​ပြည်​တွင်​အ​နိစ္စ​ရောက်​လေ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​မော​ဘ​ပြည်၊ ဗက်​ပေ ဂု​ရ​မြို့​တစ်​ဘက်​ရှိ​ချိုင့်​ဝှမ်း​၌ မော​ရှေ​၏ အ​လောင်း​ကို​သင်္ဂြိုဟ်​တော်​မူ​၏။ သို့​ရာ​တွင် ယ​နေ့​တိုင်​အောင်​မော​ရှေ​၏​သင်္ချိုင်း​နေ​ရာ အ​တိ​အ​ကျ​ကို​မည်​သူ​မျှ​မ​သိ​ရ​ချေ။- မော​ရှေ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​တွင် အ​နိစ္စ​ရောက်​၏။ မော​ရှေ​အ​နိစ္စ​ရောက်​ချိန် တွင်​မျက်​စိ​မ​မှုန်​သေး။ အင်​အား​လည်း မ​လျော့​သေး။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​လွင် ပြင်​တွင် ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​မော​ရှေ ကွယ်​လွန်​သည့်​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​၏။ မော​ရှေ​သည်​နုန်​၏​သား​ယော​ရှု​အ​ပေါ်​လက် တင်​၍ မိ​မိ​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​ခန့် အပ်​ခဲ့​သည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ပညာ​ဉာဏ် နှင့်​ပြည့်​စုံ​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ယော​ရှု​၏​စ​ကား​ကို​နား​ထောင်​၍ မော​ရှေ​ဆင့်​ဆို​သော​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။- ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ်​ချက်​အ​ရ​မော​ရှေ သည် အီ​ဂျစ်​ပြည်​ဘု​ရင်၊ မှူး​မတ်​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​ရှေ့​တွင် အ​ခြား​မည်​သည့်​ပ​ရော​ဖက် မျှ​မ​ပြ​ဘူး​သော​အံ့​သြ​ဖွယ်​ရာ​များ​နှင့် နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​ခဲ့​လေ​သည်။- မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ရှေ့​၌​လည်း အ​ခြား​မည်​သည့်​ပ​ရော​ဖက်​မျှ မ​ပြု​လုပ်​နိုင်​သည့် အ​လွန်​ကြောက်​မက်​ဖွယ် ကောင်း​သော​အ​မှု​များ​ကို​ပြု​လုပ်​ခဲ့​လေ သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​တ​ရား​ဟော​ရာ​ကျမ်း​ပြီး​၏။

တရားဟောရာ 34:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် မောရှေ​သည် မောဘ​လွင်ပြင်​မှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင်​၊ နေဗော​တောင်​ဟု​ခေါ်​သော ပိသဂါ​တောင်​ထိပ်​ပေါ်သို့ တက်သွား​လေ​၏​။ ထာဝရဘုရား​သည် သူ့​အား ဂိလဒ်​ပြည်​မှ ဒန်​မြို့​တိုင်အောင်​လည်းကောင်း​၊ နဿလိ​ပြည်​တစ်လျှောက်လုံး​၊ ဧဖရိမ်​နှင့်​မနာရှေ​ပြည်​၊ ယုဒ​ပြည်​တစ်လျှောက်လုံး​မှစ၍ အနောက်ဘက် ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ နေဂေ့​အရပ်​နှင့် စွန်ပလွံ​မြို့​ဟု​ခေါ်​သော​ဂျေရိခေါ​မြို့​၏​ချိုင့်ဝှမ်း​ဒေသ​မှ ဇောရ​မြို့​တိုင်အောင်​လည်းကောင်း ပြည်​တစ်ပြည်လုံး​ကို ပြ​တော်မူ​၏​။ ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​သည်​နှင့်အညီ ဤ​ပြည်​ကား ‘သင်​၏​သားစဉ်မြေးဆက်​တို့​အား ငါ​ပေး​မည်​’​ဟု ကတိထား​သော​ပြည်​ဖြစ်​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​ခွင့်​ကို ငါ​ပေး​သော်လည်း သင်​သည် ထို​ပြည်​သို့​ကူးသွား​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် မောဘ​ပြည်​ရှိ ထို​တောင်​ပေါ်၌​သေဆုံး​လေ​၏​။ ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင် မောဘ​ပြည်​ရှိ​ချိုင့်ဝှမ်း​၌ သူ့​ကို သင်္ဂြိုဟ်​တော်မူ​၏​။ သူ့​ကို​သင်္ဂြိုဟ်သောနေရာ​ကို ယနေ့​တိုင်အောင် မည်သူ​မျှ​မ​သိ​။ မောရှေ​သေဆုံး​သောအခါ အသက်​တစ်ရာ့​နှစ်ဆယ်​ရှိ​၏​။ သူ​၏​မျက်စိ​မ​မှုန်​၊ သူ​၏​ခွန်အား​လည်း မ​လျော့​သေး​။ အစ္စရေး​အမျိုးသား​တို့​သည် မောဘ​လွင်ပြင်​၌ မောရှေ​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။ ဤသို့ဖြင့် မောရှေ​အတွက် ငိုကြွေး​မြည်တမ်း​သော​နေ့ရက်​များ​ပြီးဆုံး​လေ​၏​။ မောရှေ​သည် နုန်​၏​သား ယောရှု​အပေါ် လက်တင်​ခဲ့​သောကြောင့် ယောရှု​သည် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​စကား​ကို​နားထောင်​၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​ပြု​ကြ​၏​။ ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။ ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် သူ​၏​ပြည်သား​အပေါင်း​တို့​ရှေ့​တွင် နိမိတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု ရှိသမျှ​တို့​ကို​ပြု​ရန် ထာဝရဘုရား​သည် မောရှေ​အား အီဂျစ်​ပြည်​သို့ စေလွှတ်​တော်မူ​ခဲ့​၏​။ မောရှေ​သည်​လည်း တန်ခိုးကြီး​သော​အမှု​ရှိသမျှ​၊ ကြီးမား​ကြောက်ရွံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​ရှေ့မှောက်​၌ ပြု​ခဲ့​၏​။