YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 30:19-20

တရားဟောရာ 30:19-20 Judson Bible (JBMLE)

အ​သက်​ရှင်​ခြင်း၊ သေ​ခြင်း၊ ကောင်း​ချီး​ပေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်၏။ သို့​ဖြစ်၍၊ သင်​နှင့် သင့်​အ​မျိုး​အ​နွယ်​သည် အ​သက်​ရှင်​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ စ​ကား​တော်​ကို နား​ထောင်​သ​ဖြင့်၊ အ​သက်​ရှင်​ခြင်း​အ​ကျိုး၊ အ​သက်​တာ​ရှည်​ခြင်း​အ​ကျိုး​ကို ပေး​တော်​မူ​သော ကိုယ်​တော်​ကို ဆည်း​ကပ်​မှီ​ဝဲ​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ နေ​မည်​အ​ကြောင်း​နှင့် ယှဉ်​သော​အ​သက်​တ​ရား​ကို ရွေး​ယူ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​အား ဟော​ပြော၏။

တရားဟောရာ 30:19-20 Common Language Bible (BCL)

ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။- သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

တရားဟောရာ 30:19-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယနေ့ ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ အသက်ရှင်​ခြင်း​နှင့်​သေ​ခြင်း​၊ ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ကို သင့်​ရှေ့​၌ ငါ​ချထား​၏​။ သို့ဖြစ်၍ သင်​နှင့်​သင်​၏​သားမြေး​တို့​အသက်ရှင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​ကို​ရွေးချယ်​လော့​။ ထို​ပြည်​ကို သင်​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​နေထိုင်​နိုင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​နှင့်တကွ အသက်တာ​ရှည်​ခြင်း​ကို​ပေး​တော်မူ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စကား​တော်​ကို​နားထောင်​လော့​၊ ကိုယ်တော်​၌​ဆည်းကပ်​လော့​”​ဟု ဆို​လေ​၏​။