YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 17:15-17

တရားဟောရာ 17:15-17 Judson Bible (JBMLE)

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ၊ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​ကို​သာ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ရ​မည်။ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​မ​ဟုတ်​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ချီး​မြှောက်​ရ။ ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။ သူ၏​စိတ်​နှ​လုံး​သည် ဖောက်​ပြန်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း များ​စွာ​သော မ​ယား​တို့​ကို မ​ယူ​ရ။ ရွှေ​ငွေ​ကို​လည်း များ​စွာ​မ​ဆည်း​ဖူး​ရ။

တရားဟောရာ 17:15-17 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​သူ ကို​သာ​ဘု​ရင်​တင်​မြှောက်​ရ​မည်။ သူ​သည် သင်​တို့​၏​အ​မျိုး​သား​ချင်း​ထဲ​မှ​ဖြစ်​ရ မည်။ လူ​မျိုး​ခြား​ကို​ဘု​ရင်​မ​တင်​မြှောက်​ရ။- ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။- ဘု​ရင်​သည်​မ​ယား​များ​စွာ​ရှိ​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​သွား​နိုင်​သ​ဖြင့် သူ​၌​မ​ယား များ​စွာ​မ​ရှိ​စေ​ရ။ ရွှေ၊ ငွေ​လည်း​များ​စွာ မ​ရှိ​စေ​ရ။

တရားဟောရာ 17:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​သူ​ကို​သာ သင့်​ကို​အုပ်စိုး​မည့်​ဘုရင်​အဖြစ် တင်မြှောက်​ရ​မည်​။ ဘုရင်​အဖြစ် သင်​တင်မြှောက်​သော​သူ​သည် သင်​၏​အမျိုးသားချင်း​ထဲ​မှ​ဖြစ်​ရ​မည်​။ သင်​၏​အမျိုးသားချင်း​မ​ဟုတ်​သော တစ်ပါးအမျိုးသား​ကို တင်မြှောက်​ခွင့်​မ​ရှိ​။ ထို​ဘုရင်​သည် မိမိ​အတွက် မြင်း​တို့​ကို မ​စုဆောင်း​ရ​။ မြင်း​များ​ကို​စုဆောင်း​ရ​ရှိ​ရန် လူ​တို့​ကို​အီဂျစ်​ပြည်​သို့ ထပ်၍​ပြန်​မ​သွား​စေ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​တို့​သည် ထို​လမ်း​သို့ နောက်တစ်ဖန် လုံးဝ​ပြန်​မ​သွား​ရ​’​ဟု သင်​တို့​အား​မိန့်​တော်မူ​ခဲ့​၏​။ ထို​ဘုရင်​သည် စိတ်နှလုံး​လမ်း​မ​လွဲ​ရ​အောင် မိဖုရား​များစွာ​မ​ထားရှိ​ရ​။ ရွှေ​၊ ငွေ​ကို​လည်း အလွန်အမင်း​မ​စုဆောင်း​ရ​။