YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 1:29-31

တရားဟောရာ 1:29-31 Judson Bible (JBMLE)

ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊

တရားဟောရာ 1:29-31 Common Language Bible (BCL)

``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။

တရားဟောရာ 1:29-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် သင်​တို့​အား ‘​မ​ထိတ်လန့်​ကြ​နှင့်​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။ သင်​တို့​ရှေ့​မှ​ကြွ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် သင်​တို့​အဖို့​ပြု​ပေး​သကဲ့သို့​၊ ဤ​အရပ်​သို့ သင်​တို့​ရောက်​သည့်​တိုင်အောင် သင်​တို့​သွား​သည့်​လမ်းခရီး​တစ်လျှောက်​တွင် ဖခင်​သည် သား​ကို​ချီပိုး​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို မည်ကဲ့သို့​ချီပိုး​တော်မူ​ခဲ့​ကြောင်း​ကို တောကန္တာရ​၌​သင်​တို့​တွေ့မြင်​ခဲ့​ရ​သကဲ့သို့ ထာဝရဘုရား​သည် သင်​တို့​အဖို့ စစ်တိုက်​တော်မူ​လိမ့်မည်​’​ဟု ဆို​၏​။