YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 9:24-27

ဒံယေလ 9:24-27 Judson Bible (JBMLE)

လွန်​ကျူး​ခြင်း​အ​မှု​ကို ဆီး​တား၍ အ​ပြစ်​ကို တံ​ဆိပ်​ခတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖြေ​ရှင်း၍ ထာ​ဝ​ရ​ကု​သိုလ်​ကို သွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အ​နာ​ဂ​တ္တိ​ဗျာ​ဒိတ်​တော်​တို့​ကို တံ​ဆိပ်​ခတ်၍၊ အ​လွန်​သန့်​ရှင်း​သော အ​ရပ်​ဌာ​န​ကို လိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သီ​တင်း​ခု​နစ်​ဆယ်​ကို သင်၏ အ​မျိုး​သား​ချင်း​အ​ဖို့​နှင့် သင်၏ သန့်​ရှင်း​သော​မြို့​အ​ဖို့ ဆုံး​ဖြတ်​ခြင်း​ရှိ၏။ ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။ ထို​သီ​တင်း ခြောက်​ဆယ်​နှစ်​သီ​တင်း​လွန်​ပြီး​မှ ခ​ရစ်​တော် သည် အ​ခွင့်​မ​ရ​ဘဲ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထို​နောက်​မှ​လာ​သော သ​ခင်၏​လူ​တို့​သည် မြို့​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း ဖြို​ဖျက်​ကြ​လိမ့်​မည်။ ရေ​လွှမ်း​မိုး​သော​အား​ဖြင့် ဆုံး​ရှုံး​ခြင်း​ဖြစ်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင် စစ်​တိုက်​ခြင်း၊ ပျက်​စီး​ရာ​နှင့်​ဆိုင်​သော စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ​လိမ့်​မည်။ တစ်​သီ​တင်း​တွင် လူ​အ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း​ရှိ၍ ထို​သီ​တင်း​တစ်​ဝက်​တွင် ယဇ်​ပူ​ဇော်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း​ကို ပ​ပျောက်​စေ​လိမ့်​မည်။ ရွံ​ရှာ​ဖွယ်​သော​အ​ရာ၏ အ​ထွတ်​ပေါ်​သို့ ဖျက်​ဆီး​သော​သူ​သည်​ရောက်၍ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် ပျက်​စီး​အပ်​သော သူ​တို့​ကို မ​လွှမ်း​မိုး​မီ​တိုင်​အောင် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု ကြား​ပြော၏။

ဒံယေလ 9:24-27 Common Language Bible (BCL)

``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။- ယ​ခု​ဖော်​ပြ​မည့်​အ​ချက်​ကို​သ​တိ​ပြု ၍​နား​လည်​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန် လည်​တည်​ထောင်​ရန်​အ​မိန့်​ပေး​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​သည့်​ခေါင်း​ဆောင် ပေါ်​လာ​ချိန်​အ​ထိ နှစ်​ပေါင်း​ခု​နစ်​နှစ်​နှင့် ခု​နစ်​လီ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည် လမ်း​များ၊ ခိုင်​ခံ့​သော​မြို့​ရိုး​များ​နှင့်​ပြန် လည်​တည်​ထောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ခု​နစ်​လီ​ကြာ​အောင်​တည်​လိမ့်​မည်။ သို့ ရာ​တွင်​ထို​ကာ​လ​သည်​ဒု​က္ခ​များ​ရာ ကာ​လ​ဖြစ်​လိမ့်​မည်။- ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။- ထို​မင်း​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​များ​စွာ သော​လူ​တို့​နှင့် အ​ခိုင်​အ​မာ​သ​ဘော​တူ စာ​ချုပ်​ချုပ်​ဆို​လိမ့်​မည်။ သုံး​နှစ်​ခွဲ​မျှ ကြာ​သော​အ​ခါ​သူ​သည် ယဇ်​နှင့်​ပူ​ဇော် သ​ကာ​များ​ဆက်​ကပ်​မှု​ကို​ရပ်​စဲ​စေ လိမ့်​မည်။ ထို​နောက်​ထိတ်​လန့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​ရာ ကို ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​လိမ့်​မည်။ ထို​အ​ရာ​သည်​မြှောက်​တင်​သူ အ​တွက် ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​ထား တော်​မူ​သော​ဆုံး​ပါး​ပျက်​စီး​ချိန်​တိုင် အောင် ဗိ​မာန်​တော်​တွင်​တည်​ရှိ​နေ​လိမ့်​မည်'' ဟု​ဆို​၏။

ဒံယေလ 9:24-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။ ထို့ကြောင့် ဂျေရုဆလင်​မြို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​သည့်​နေ့​မှစ၍ ဘိသိက်ခံ​မင်း​တစ်ပါး​ပေါ်ထွန်း​မည့်​နေ့​အထိ ခုနစ်​သီတင်း​နှင့် ခြောက်ဆယ့်​နှစ်​သီတင်း​ကြာ​လိမ့်မည်​ဟု သိ​နားလည်​လော့​။ ခဲယဉ်း​သော​ကာလ​များ​၌​ပင် ထို​မြို့​၏​လမ်း​နှင့်​ကျုံး​တို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​လိမ့်မည်​။ ခြောက်ဆယ့်​နှစ်​သီတင်း​လွန်​လျှင် ဘိသိက်ခံ​မင်း​သည် မည်သည့်​အရာ​မျှ​မ​ကျန်​ဘဲ ပယ်ရှင်း​ခြင်း​ခံရ​လိမ့်မည်​။ နောက်​တက်လာ​မည့်​မင်း​၏​လူ​တို့​သည် မြို့​နှင့် သန့်ရှင်းရာဌာန​ကို ဖျက်ဆီး​ပစ်​လိမ့်မည်​။ အဆုံး​သည် ရေလွှမ်းမိုး​သကဲ့သို့ ရောက်လာ​လိမ့်မည်​။ အဆုံး​သို့​မ​ရောက်​မ​ချင်း စစ်မက်​ဖြစ်ပွား​လိမ့်မည်​။ ဤသို့ ပျက်စီး​ခြင်း​ကို စီရင်​ထား​တော်မူ​ပြီ​။ ထို​မင်း​သည်​လည်း တစ်​သီတင်း​အတွက် လူ​အများ​တို့​နှင့်​အခိုင်အမာ​ပဋိညာဉ်​ဖွဲ့​လိမ့်မည်​။ သို့သော် သီတင်း​တစ်ဝက်​တွင် ယဇ်ပူဇော်​ခြင်း​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ရပ်စဲ​စေ​လိမ့်မည်​။ သုတ်သင်ဖျက်ဆီး​ခြင်း​ခံရ​မည်​ဟူသော စီရင်သတ်မှတ်​ချက်​သည် ဖျက်ဆီး​သော​သူ​အပေါ် ကျရောက်​မည်​။ ထို​အချိန်​တိုင်အောင် ထို​ဖျက်ဆီး​သော​သူ​သည် ရွံရှာဖွယ်​ရာ​များ​၏​တောင်ပံ​ပေါ်တွင် တည်​နေ​လိမ့်မည်”​ဟု ဆို​၏​။