YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 7:8-11

ဒံယေလ 7:8-11 Judson Bible (JBMLE)

ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။ မျက်​နှာ​တော်​မှာ မီး​ရောင်​ခြည်​ထွက်​လေ၏။ အ​တိုင်း​မ​သိ များ​စွာ​သော​သူ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်၍၊ ကု​ဋေ​သင်္ချေ​မ​က ရှေ့​တော်၌ ခ​စား၍​နေ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ငှာ​ပြင်​ဆင်၍ စာ​စောင်​များ​ကို ဖွင့်​ထား​ကြ၏။ ထို​အ​ခါ ချို​ငယ်​ပြော​သော စ​ကား​ကြီး​အ​သံ​ကြောင့် ငါ​ကြည့်​ရှု၍ နေ​စဉ်၊ ထို​သား​ရဲ​အ​သက်​ကို သတ်​ပြီး​လျှင် သူ၏​ကိုယ်​ကို မီး​ရှို့၍ ဖျက်​ဆီး​ကြ၏။

ဒံယေလ 7:8-11 Common Language Bible (BCL)

ထို​ဦး​ချို​တို့​ကို​ကြည့်​နေ​စဉ်​ယင်း​တို့​အ​ကြား​မှ​ဦး​ချို​ငယ်​တစ်​ချောင်း​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ထို​ဦး​ချို​ငယ်​က​ရှိ​ပြီး​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ ထို​ဦး​ချို​ငယ်​တွင်​လူ​ကဲ့​သို့​မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။- ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ဦး​ချို​ငယ်​သည်​ကြွား​ဝါ​လျက်​ပင်​ရှိ​နေ​သေး​၏။ ထို​အ​ချိန်​၌​စ​တုတ္ထ​သား​ရဲ​သည်​အ​သတ်​ခံ​ရ​၍​သူ​၏​ကိုယ်​ခန္ဓာ​သည်​မီး​ရှို့​၍​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လေ​သည်။

ဒံယေလ 7:8-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ချို​များ​အကြောင်း​ကို စဉ်းစား​လျက်​နေ​စဉ် အခြား​ချို​ငယ်​တစ်​ချောင်း​သည် ထို​ချို​များ​ကြား​မှ ပေါက်လာ​၏​။ ထို​ချို​များ​ထဲမှ သုံး​ချောင်း​သည် သူ့​ရှေ့​တွင်​ပင် အမြစ်ပါမကျန်​နုတ်ပစ်​ခြင်း​ခံရ​၏​။ ချိုငယ်​တွင် လူ​မျက်စိ​နှင့်​တူ​သော မျက်စိ​ရှိ​၏​။ ဝါကြွား​ပြောဆို​တတ်​သော​နှုတ်​လည်း ရှိ​၏​။ ငါ​ကြည့်​လျက်​နေ​စဉ် ပလ္လင်​များ​ကို​ခင်းကျင်း​၍ သက်တော်ကြီးရင့်​သော​အရှင် ထိုင်​တော်မူ​၏​။ အဝတ်​တော်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏​။ ဦးခေါင်း​တော်​မှ​ဆံပင်​သည်​လည်း သိုးမွေး​ကဲ့သို့ ဖြူ​၏​။ ပလ္လင်​တော်​သည် မီး​လျှံ​၊ ဘီး​တော်​တို့​သည် မီးတောက် ဖြစ်​၏​။ မီး​မြစ်​တစ်​စင်း​သည် ရှေ့​တော်​မှ စီး​ထွက်​၏​။ အထောင်ထောင်​သော​လူ​တို့​သည် အမှု​တော်​ကို ထမ်း​ကြ​၏​။ အသောင်းသောင်း​သော​လူ​တို့​သည် ရှေ့​တော်​တွင် ရပ်​လျက်​နေ​၏​။ တရားစီရင်​ချိန်​ကျရောက်​သဖြင့် စာအုပ်​များ​ကို ဖွင့်​ထား​၏​။ ဝါကြွား​ပြောဆို​သော​ချိုငယ်​၏​အသံ​ကြောင့် ငါ​ကြည့်​လိုက်​ရာ ထို​သားရဲ အသတ်​ခံရ​သည်​ကို ငါ​မြင်​ရ​၏​။ ကိုယ်ခန္ဓာ​အဖျက်ဆီး​ခံရ​၍ မီးတောက်​မီးလျှံ​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လေ​၏​။