YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 3:14-25

ဒံယေလ 3:14-25 Judson Bible (JBMLE)

ဟယ်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ငါ၏​ဘု​ရား​တို့​ကို ဝတ်​မ​ပြု​လော။ ငါ​တည်​ထား​သော ရွှေ​ရုပ်​တု​ကို မ​ကိုး​ကွယ်​လော။ ယ​ခု​တွင် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း အ​သံ​ကို ကြား​သော​အ​ခါ၊ ငါ​လုပ်​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ် ကိုး​ကွယ်​အံ့​သော​ငှာ အ​သင့်​နေ​ကြ။ သို့​မ​ဟုတ်​လျှင်၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​မည်။ ငါ၏​လက်​မှ ကယ်​လွှတ်​နိုင်​သော ဘု​ရား​ကား၊ အ​ဘယ်​ဘု​ရား​ရှိ​သ​နည်း​ဟု မိန့်​တော်​မူ၏။ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို တုပ်​နှောင်၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​မိန့်​တော် ရှိ​သည်​အ​တိုင်း၊ ထို​သူ​သုံး​ယောက်​တို့​ကို ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ အ​စ​ရှိ​သည်​တို့​နှင့်​တ​ကွ တုပ်​နှောင်၍၊ မီး​လောင်​လျက် ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​ကြ​သော​အ​ခါ၊ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကျပ်​တည်း၍ မီး​ဖို​သည် အ​လွန်​ပူ​သော​ကြောင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဆွဲ​ချ​သော သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ၏။ ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊

ဒံယေလ 3:14-25 Common Language Bible (BCL)

မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။- ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။- အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။- ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊- မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။- မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။- သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။ ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။

ဒံယေလ 3:14-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နေဗုခဒ်နေဇာ​မင်းကြီး​က “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ သင်​တို့​သည် ငါ့​ဘုရား​များ​ကို မ​ကိုးကွယ်​၊ ငါ​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း မ​ရှိခိုး​ဘဲ နေ​ကြ​သည်​မှာ မှန်​သလော​။ ယခု သင်​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​လျှင် ငါ​တည်​ထား​သော​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရန် အသင့်ရှိ​ရ​မည်​။ သင်​တို့​မ​ရှိခိုး​ပါက မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း​ခံရ​မည်​။ သင်​တို့​ကို ငါ့​လက်​မှ မည်သည့်​ဘုရား​က ကယ်တင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း “​အို နေဗုခဒ်နေဇာ​မင်းကြီး​၊ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ အကျွန်ုပ်​တို့​သည် မင်းကြီး​အား ပြန်လျှောက်စရာ​အကြောင်း ဘာမျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ ကိုးကွယ်​သော​ဘုရားသခင်​သည် မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲမှ အကျွန်ုပ်​တို့​ကို ကယ်တင်​နိုင်​ပါ​၏​။ အရှင်မင်းကြီး​လက်​မှ​လည်း အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​လိမ့်မည်​။ ထိုသို့ ကယ်တင်​တော်​မ​မူ​လျှင်​လည်း အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​ဘုရား​များ​ကို မ​ကိုးကွယ်​၊ မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း ရှိခိုး​မည်​မ​ဟုတ်​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု မင်းကြီး​အား ပြန်လျှောက်​ကြ​၏​။ ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​က ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား အမျက်​ပြင်းစွာ​ထွက်​၍ မျက်စိမျက်နှာ​ပျက်​လေ​၏​။ ထို့ကြောင့် မီးပြင်းဖို​ကို ပုံမှန်​ထက်​ခုနစ်ဆ​တိုး​၍​ပူ​စေရန် အမိန့်ပေး​လေ​၏​။ ထို့နောက် မိမိ​စစ်သည်​ထဲမှ ခွန်အားကြီး​သော​သူ​တို့​အား ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို တုပ်နှောင်​၍ မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ထည့်​ရန် အမိန့်ပေး​လေ​၏​။ ဤသို့ဖြင့် ထို​သူ​သုံး​ဦး​တို့​သည် ဝတ်ရုံ​၊ ဘောင်းဘီ​၊ ခေါင်းပေါင်း​၊ အဝတ်တန်ဆာ​တို့​နှင့်တကွ တုပ်နှောင်​ခံရ​၍ မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ချ​ခံရ​လေ​၏​။ ပြင်းထန်​သော​ဘုရင့်​အမိန့်​တော်​ကြောင့် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ဆွဲခေါ်​လာ​သူ​တို့​ပင် မီးပြင်းဖို​မှ မီး​လျှံ​အပူရှိန်​ကြောင့် သေ​ကြ​ကုန်​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​သုံး​ဦး​တို့​သည်​လည်း တုပ်နှောင်​ခံရ​လျက်ပင် မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ရောက်သွား​လေ​၏​။ ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အလွန်​အံ့အားသင့်​လျက် ရုတ်တရက်​ထ​၍ မိမိ​အတိုင်ပင်ခံ​တို့​အား “​ငါ​တို့​သည် လူ​သုံး​ဦး​ကို​တုပ်နှောင်​၍ မီး​ထဲသို့​ပစ်ချ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု မေး​ရာ သူ​တို့​က​လည်း “​မှန်​ပါ​သည် အရှင်မင်းကြီး​”​ဟု ပြန်လျှောက်​ကြ​၏​။ ရှင်ဘုရင်​က​လည်း “​ကြည့်​ကြ​လော့​။ လူ​လေး​ဦး​တို့​သည် ထိခိုက်မှု​မ​ရှိ​။ အတုပ်အနှောင်​ကင်း​လျက် မီး​ထဲ၌​သွားလာ​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏​။ လေး​ယောက်​မြောက်​သော​သူ​သည် ဘုရား​သား​တော်​နှင့်​အဆင်းသဏ္ဌာန် တူ​၏​”​ဟု မိန့်ဆို​၏​။