YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 3:14-25

ဒံယေလ 3:14-25 JBMLE

ဟယ်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ငါ၏​ဘု​ရား​တို့​ကို ဝတ်​မ​ပြု​လော။ ငါ​တည်​ထား​သော ရွှေ​ရုပ်​တု​ကို မ​ကိုး​ကွယ်​လော။ ယ​ခု​တွင် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း အ​သံ​ကို ကြား​သော​အ​ခါ၊ ငါ​လုပ်​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ် ကိုး​ကွယ်​အံ့​သော​ငှာ အ​သင့်​နေ​ကြ။ သို့​မ​ဟုတ်​လျှင်၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​မည်။ ငါ၏​လက်​မှ ကယ်​လွှတ်​နိုင်​သော ဘု​ရား​ကား၊ အ​ဘယ်​ဘု​ရား​ရှိ​သ​နည်း​ဟု မိန့်​တော်​မူ၏။ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို တုပ်​နှောင်၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​မိန့်​တော် ရှိ​သည်​အ​တိုင်း၊ ထို​သူ​သုံး​ယောက်​တို့​ကို ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ အ​စ​ရှိ​သည်​တို့​နှင့်​တ​ကွ တုပ်​နှောင်၍၊ မီး​လောင်​လျက် ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​ကြ​သော​အ​ခါ၊ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကျပ်​တည်း၍ မီး​ဖို​သည် အ​လွန်​ပူ​သော​ကြောင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဆွဲ​ချ​သော သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ၏။ ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊

​ဒံယေလ 3:14-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။