YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 1:6-21

ဒံယေလ 1:6-21 Judson Bible (JBMLE)

ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။ မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။ ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။ ဘု​ရား​သ​ခင် ပြု​ပြင်​တော်​မူ​သော​အား​ဖြင့်၊ မိန်း​မ​စိုး​အုပ်​သည် ဒံ​ယေ​လ​ကို အ​လွန်​ချစ်​သ​နား​သော်​လည်း၊ ငါ့​သ​ခင်​ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ငါ​ကြောက်၏။ သင်​တို့​အ​စား​အ​သောက်​ကို စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​မျက်​နှာ​သည် အ​ရွယ်​တူ လူ​ပျို​တို့၏ မျက်​နှာ​လောက် အ​ဆင်း​မ​လှ​သည်​ကို မြင်​တော်​မူ​လျှင်၊ သင်​တို့​အ​တွက် ငါ​သည် ရာ​ဇ​ဝတ်​သင့်၍ အ​သက်​မ​လွတ်​ရ​ဟု ဒံ​ယေ​လ​ကို ပြော​ဆို၏။ ထို​အ​ခါ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ဒံ​ယေ​လ​က၊ အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။ ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊ စား​တော်​ကဲ​သည် ဝန်​ခံ၍ ဆယ်​ရက်​စုံ​စမ်း​လေ​၏။ ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။ ထို​အ​ခါ စား​တော်​ကဲ​သည် သူ​တို့​အ​စာ​ကို​လည်း​ကောင်း၊ သူ​တို့​သောက်​ဖို့ စ​ပျစ်​ရည်​ကို​လည်း​ကောင်း ရုပ်​သိမ်း၍၊ ဟင်း​သီး ဟင်း​ရွက်​နှင့်​သာ ကျွေး​မွေး၏။ ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။ နန်း​တော်​သို့ သွင်း​စေ​ခြင်း​ငှာ ချိန်း​ချက်​တော်​မူ​သော အ​ချိန်​ရောက်​သော်၊ မိန်း​မ​စိုး​အုပ်​သည် လု​လင်​များ​တို့​ကို​ခေါ်၍ နန်း​တော်​သို့ သွင်း​လေ၏။ ရှင်​ဘု​ရင်​သည် ထို​လု​လင်​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​တော်​မူ​ပြီး​လျှင်၊ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​နှင့် တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် အ​ထံ​တော်၌ ခ​စား​ရ​သော အ​ခွင့်​အ​ရာ​ကို ရ​ကြ၏။ ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။ ဒံ​ယေ​လ​သည် ကု​ရု​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တိုင်​အောင် ရှိ​နေ​သ​တည်း။

ဒံယေလ 1:6-21 Common Language Bible (BCL)

ယင်း​သို့​ရွေး​ချယ်​ခြင်း​ခံ​ကြ​ရ​သူ​တို့​ထဲ​တွင်​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​ပါ​ဝင်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ယု​ဒ​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သည်။- မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို​မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍​နာ​မည်​သစ်​ကို​ပေး​၏။ ဒံ​ယေ​လ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သောက်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ​မ​ညစ်​ညမ်း​စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ပြီး​လျှင် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​၏​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​လေ​၏။- ဘု​ရား​သ​ခင်​သည်​လည်း​ဒံ​ယေ​လ​အ​ပေါ်​တွင် ကိုယ်​ချင်း​စာ​၍​သ​နား​လာ​စေ​ရန်​အာ​ရှ​ပေ​နတ်​၏​စိတ်​ကို​ပြု​ပြင်​တော်​မူ​၏။- သို့​ရာ​တွင်​အာရှ​ပေ​နတ်​သည်​မင်း​ကြီး​ကို​ကြောက်​သ​ဖြင့်​ဒံ​ယေ​လ​အား``မင်း​ကြီး​သည်​သင်​တို့​စား​သောက်​ကြ​ရ​မည့်​အ​စား​အ​စာ​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​ခဲ့​ပါ​သည်။ ထို​ကြောင့်​အ​ကယ်​၍​သင်​တို့​သည်​အ​ခြား​လူ​ငယ်​လူ​ရွယ်​များ​နည်း​တူ ကျန်း​မာ​သန်​စွမ်း​မှု​မ​ရှိ​ပါ​က​ငါ​အ​သတ်​ခံ​ရ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒံ​ယေ​လ​သည်​မိ​မိ​နှင့်​အ​ဖော်​သုံး​ဦး​တို့​အား​စောင့်​ကြပ်​ရန် အာ​ရှ​ပေ​နတ်​တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သူ​ထံ​သို့​သွား​၍၊- ``ငါ​တို့​စား​သောက်​ရန်​အ​တွက်​အ​သီး​အ​နှံ​နှင့် ရေ​ကို​သာ​ကျွေး​၍​ဆယ်​ရက်​မျှ​စမ်း​ကြည့်​ပါ။- ထို​နောက်​ပွဲ​တော်​စာ​များ​စား​သောက်​ရ​သူ​လူ​ငယ်​လူ​ရွယ်​များ​နှင့်​ငါ​တို့​အား​နှိုင်း​ယှဉ်​ကြည့်​ပြီး​လျှင် သင်​တို့​တွေ့​မြင်​ရ​သည့်​ငါ​တို့​ရုပ်​ဆင်း​သဏ္ဌာန်​အ​ပေါ်​တွင်​မူ​တည်​၍ ငါ​တို့​အား​အ​ဘယ်​သို့​ကျွေး​မွေး​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့'' ဟု​ဆို​၏။ စောင့်​ကြပ်​သူ​သည်​ဤ​သို့​ဆယ်​ရက်​မျှ​သူ​တို့​အား​စမ်း​ကြည့်​ရန်​သ​ဘော​တူ​လိုက်​၏။- အ​ချိန်​စေ့​သော​အ​ခါ​သူ​တို့​သည်​ပွဲ​တော်​စာ​စား​သောက်​ကြ​သူ​များ​ထက် ပို​၍​ကျန်း​မာ​သန်​စွမ်း​လျက်​ရှိ​ကြောင်း​တွေ့​မြင်​ရ​လေ​သည်။- ထို့​ကြောင့်​စောင့်​ကြပ်​သူ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​အ​စား သူ​တို့​အား​အ​သီး​အ​နှံ​ကို​သာ​ကျွေး​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။ မင်း​ကြီး​သတ်​မှတ်​ပေး​သည့်​သုံး​နှစ်​တာ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ​အာ​ရှ​ပေ​နတ်​သည် လူ​ငယ်​လူ​ရွယ်​အား​လုံး​တို့​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ထံ​တော်​သို့​သွင်း​လေ​၏။- မင်း​ကြီး​သည်​ထို​သူ​ရှိ​သ​မျှ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​တော်​မူ​ရာ​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​သည်​အ​ခြား​သူ​တို့​ထက်​ပို​၍​ဉာဏ်​ပ​ညာ​ကောင်း​ကြောင်း​တွေ့​ရှိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ပါး​တော်​တွင်​ခ​စား​ခွင့်​ရ​ကြ​၏။- မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။- ဒံ​ယေ​လ​သည်​ဗာ​ဗု​လုန်​ပြည်​ကို​ပါ​ရှ​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​ဖြစ်​သူ ကု​ရု​မင်း​တိုက်​ခိုက်​အောင်​မြင်​၍​နန်း​တက်​လာ​ချိန်​တိုင်​အောင်​နန်း​တော်​တွင်​ရှိ​နေ​သ​တည်း။

ဒံယေလ 1:6-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​တို့​ထဲတွင် ယုဒ​အမျိုးသား​ထဲမှ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ တို့​ပါ​၏​။ နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။ ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။ နန်းတော်အုပ်​သည် ဒံယေလ​အား ကျေးဇူးပြု​လို​သော​စိတ်​၊ သနား​လို​သော​စိတ်​ရှိ​အောင် ဘုရားသခင်​ပြု​ပေး​တော်မူ​၏​။ နန်းတော်အုပ်​က​လည်း ဒံယေလ​အား “​သင်​တို့​စား​သောက်​ရန် ကြီးကြပ်​စီမံ​ပေး​သော ငါ့​အရှင်​ဘုရင်​ကို ငါ​ကြောက်​၏​။ သင်​တို့​မျက်နှာ​သည် သင်​တို့​နှင့်​သက်တူရွယ်တူ​လူငယ်​တို့​၏​မျက်နှာ​နှင့်​မ​တူ ညှိုးငယ်​နေ​မည်​ကို အဘယ်ကြောင့် သူ့​ကို မြင်​စေ​မည်နည်း​။ သို့ဖြစ်လျှင် ငါ​သည် ဘုရင်​ထံမှ အပြစ်ဒဏ်​ခံရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။ ထိုအခါ ဒံယေလ​က မိမိ​အပါအဝင် ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကို ကြည့်ရှု​ပေး​ရန် နန်းတော်အုပ်​ခန့်ထား​သော​စားတော်ကဲ​ထံ​သွား​၍ “​အသင့်​အစေအပါး​တို့​အား ဟင်းသီးဟင်းရွက်​ကို​သာ​ကျွေး​၍ ရေ​ကို​သာ​တိုက်​ခြင်း​ဖြင့် ဆယ်​ရက်​စမ်းသပ်​ကြည့်​ပါ​။ ထို့နောက် အကျွန်ုပ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​နှင့် ဘုရင့်​အစားအစာ​ကို​စား​သော​လူငယ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​ကို ယှဉ်ကြည့်​ပါ​။ သို့ပြီးမှ အသင်​မြင်​သည့်​အတိုင်း အသင့်​ကျွန်​တို့​ကို စီရင်​ပါ​”​ဟု ဆို​၏​။ စားတော်ကဲ​သည်​လည်း ဒံယေလ​စကား​ကို သဘောတူ​၍ ဆယ်​ရက်​စမ်းသပ်​လေ​၏​။ ဆယ်​ရက်​စေ့​သောအခါ သူ​တို့​၏​ရုပ်ဆင်းသွင်ပြင်​သည် ဘုရင့်​အစားအစာ​ကို​စား​သော​အခြား​လူငယ်​တို့​ထက် ပို၍​ကျန်းမာ​ကြံ့ခိုင်​သည်​ကို တွေ့​ရ​၏​။ ထိုအခါ စားတော်ကဲ​သည် သူ​တို့​စား​ဖို့​အစာ​၊ သောက်​ဖို့​စပျစ်ဝိုင်​တို့​အစား သူ​တို့​အား ဟင်းသီးဟင်းရွက်​များ​ကို​သာ ကျွေး​လေ​၏​။ ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။ ဤသို့ဖြင့် သူ​တို့​ကို ဘုရင့်​ရှေ့​တော်​သွင်း​ရ​မည့်​နေ့​ရောက်လာ​သောအခါ နန်းတော်အုပ်​သည် သူ​တို့​ကို နေဗုခဒ်နေဇာ​မင်းကြီး​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​၏​။ ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။ ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။ ဒံယေလ​သည် ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တိုင်အောင် ရှိ​နေ​ခဲ့​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။