YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 4:1-6

ကောလောသဲ 4:1-6 Judson Bible (JBMLE)

သ​ခင်​တို့၊ သင်​တို့၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သည်​ကို သိ​မှတ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၊ မျှ​ခြင်း​တ​ရား​နှင့်​အ​ညီ ကိုယ်​ကျွန်​တို့​ကို ပြု​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။- ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။- ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တ​ရား​ဟော​ရာ​တံ​ခါး​ကို ငါ​တို့​အား ဖွင့်​တော်​မူ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​ဖော်​ပြ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​တို့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။- ပြင်​ပ​လူ​တို့၏ မျက်​နှာ​ကို​ထောက်​လျက်၊ ပ​ညာ​နှင့် ကျင့်​ဆောင်၍ ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။- လူ​အ​သီး​အ​သီး​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို သိ​နိုင်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​သည် ဆား​အား​ဖြင့် ငန်​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​လျက်၊ အ​စဉ်​မ​ပြတ် တင့်​တယ်​လျောက်​ပတ်​ပါ​စေ။

ကောလောသဲ 4:1-6 Common Language Bible (BCL)

သ​ခင်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​လည်း​ကောင်း​ကင် ဘုံ​တွင်​ရှိ​တော်​မူ​သော​သ​ခင်​၏​ကျွန်​များ​ဖြစ် ကြောင်း​ကို​သိ​မှတ်​လျက် မိ​မိ​တို့​၏​ကျွန်​များ ကို​တရား​မျှ​တ​စွာ​ဆက်​ဆံ​ကြ​လော့။ စွဲ​မြဲ​စွာ​ဆုတောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​တွင်​နိုး​နိုး​ကြား​ကြား​ရှိ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။- ဆု​တောင်း​သည့်​အ​ခါ​ငါ​တို့​၏​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။ ခ​ရစ်​တော်​၏​နက်​နဲ​သည့် အ​ရာ​နှင့်​စပ်​ဆိုင်​သော​တ​ရား​တော်​ကို ဟော ပြော​နိုင်​သည့်​အ​ခွင့်​အ​လမ်း​ငါ​တို့​အား​ပေး တော်​မူ​ရန်​ဆု​တောင်း​ကြ​လော့။ ထို​တ​ရား တော်​ကြောင့်​ငါ​သည်​ယ​ခု​ထောင်​ကျ​လျက်​ရှိ​၏။- သို့​ဖြစ်​၍​တ​ရား​တော်​ကို​ဟော​ပြော​အပ်​သည် နှင့်​အ​ညီ ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​ဟော ပြော​နိုင်​ရန်​ဆု​တောင်း​ကြ​လော့။ သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။- သင်​တို့​ပြော​သော​စ​ကား​သည်​နား​ဝင်​ချို​၍ စိတ်​ဝင်​စား​ဖွယ်​ဖြစ်​စေ​ကြ​လော့။ စုံ​စမ်း​မေး မြန်း​သူ​တိုင်း​အား​အ​ဘယ်​သို့​လျောက်​ပတ် စွာ​ပြန်​လည်​ဖြေ​ကြား​ရ​မည်​ကို​သင်​တို့​လေ့ လာ​ထား​ကြ​လော့။

ကောလောသဲ 4:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်းကင်​၌​သခင်​တစ်​ပါး​ရှိ​ကြောင်း သိမှတ်​လျက် မိမိ​တို့​ကျွန်​များ​အပေါ် မှန်ကန်​မျှတ​စွာ ပြုမူ​ကြ​လော့။ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ ထိုသို့​ပြု​ရာ​တွင် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အားဖြင့် သတိ​ဝီရိယ​ရှိ​ကြ​လော့။ ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။ ထို​နက်နဲ​သော​အရာ​ကို ဟောပြော​သင့်​သည့်​အတိုင်း ရှင်းလင်း​ပြတ်သား​စွာ ငါ​ဟောပြော​နိုင်​ရန်​လည်း ဆုတောင်း​ပေး​ကြ​လော့။ အပြင်​လူ​တို့​ရှေ့တွင် ဉာဏ်ပညာ​ရှိ​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။ လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။