YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:18-25

ကောလောသဲ 3:18-25 Judson Bible (JBMLE)

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ချင်း​ယောက်ျား​တို့၊ ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။ ကြမ်း​တမ်း​စွာ မ​ပြု​ကြ​နှင့်။- သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။- အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- အ​စေ​ခံ​ကျွန်​တို့၊ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ လူတို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့၊ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ၊ လော​ကီ​သ​ခင်၏​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။- လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။- သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။- မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​မည်​သည်​ကား၊ မိ​မိ​ပြု​သော​အ​မှု၏ အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ။

ကောလောသဲ 3:18-25 Common Language Bible (BCL)

ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။- ခင်​ပွန်း​ဖြစ်​သူ​တို့၊ ဇ​နီး​များ​ကို​ချစ်​ကြ​လော့။ သူ​တို့​အား​ကြမ်း​တမ်း​စွာ​မ​ပြု​ကြ​နှင့်။ သား​သ​မီး​ဖြစ်​သူ​တို့၊ မိ​ဘ​စ​ကား​ကို​အ​စဉ် နား​ထောင်​ကြ​လော့။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု၊ ပြု​ကျင့်​အပ်​သော အ​မှု​ဖြစ်​၏။- ဖ​ခင်​ဖြစ်​သူ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး အောင်​မ​ဆွ​နှင့်။ သို့​ပြု​ပါ​လျှင်​သူ​တို့​သည်​စိတ် အား​လျော့​ကြ​လိမ့်​မည်။ ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။- အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။- မိ​မိ​၏​လူ​စု​တော်​အား​သ​ခင်​ဘု​ရား​က​တိ ထား​တော်​မူ​သော ဆု​လာဘ်​ကို​သင်​တို့​သည်​ရ မည်​ဖြစ်​ကြောင်း​နှ​လုံး​သွင်း​ကြ​လော့။ ခ​ရစ် တော်​သည်​သာ​လျှင်​သင်​တို့​၏​သ​ခင်​အ​စစ် အ​မှန်​ဖြစ်​တော်​မူ​၏။- ဒု​စ​ရိုက်​သ​မား​သည်​ထိုက်​သင့်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​တ​ရား​စီ​ရင်​ရာ​တွင်​မျက်​နှာ​ကြီး ငယ်​လိုက်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​သည်။

ကောလောသဲ 3:18-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ ခင်ပွန်းသည်​တို့၊ ဇနီးသည်​ကို ချစ်​ကြ​လော့။ သူ​တို့​အား ခါးခါးသီးသီး​မ​ဆက်ဆံ​ကြ​နှင့်။ သားသမီး​တို့၊ အရာရာ​၌ မိဘ​စကား​ကို​နားထောင်​ကြ​လော့။ အကြောင်းမူကား ဤ​အရာ​သည် သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​၏။ ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​စိတ်ဓာတ်​မ​ကျ​စေရန် သူ​တို့​ကို​စိတ်​နာကြည်း​အောင်​မ​လုပ်​ကြ​နှင့်။ ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​၏​လောကီ​သခင်​များ​ကို အရာရာ​၌ နာခံ​ကြ​လော့။ မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​ကြောက်ရွံ့​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် နာခံ​ကြ​လော့။ သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။ သင်​တို့​သည် သခင်​ခရစ်တော်​ကို အစေခံ​ကြ​သည်​ဖြစ်၍ ဆုလာဘ်​အဖြစ်​အမွေ​တော်​ကို သခင်​ဘုရား​ထံမှ ရရှိ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ မတရားမှု​ပြု​သော​သူ​မူကား မိမိ​ပြု​သော​မတရားမှု​၏​အကျိုး​ကို ခံစားရ​လိမ့်မည်။ ဤတွင် မျက်နှာလိုက်​ခြင်း​မ​ရှိ။