YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 3:18-25

ကောလောသဲဩဝါဒစာ 3:18-25 MSBU

ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ ခင်ပွန်းသည်​တို့၊ ဇနီးသည်​ကို ချစ်​ကြ​လော့။ သူ​တို့​အား ခါးခါးသီးသီး​မ​ဆက်ဆံ​ကြ​နှင့်။ သားသမီး​တို့၊ အရာရာ​၌ မိဘ​စကား​ကို​နားထောင်​ကြ​လော့။ အကြောင်းမူကား ဤ​အရာ​သည် သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​၏။ ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​စိတ်ဓာတ်​မ​ကျ​စေရန် သူ​တို့​ကို​စိတ်​နာကြည်း​အောင်​မ​လုပ်​ကြ​နှင့်။ ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​၏​လောကီ​သခင်​များ​ကို အရာရာ​၌ နာခံ​ကြ​လော့။ မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​ကြောက်ရွံ့​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် နာခံ​ကြ​လော့။ သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။ သင်​တို့​သည် သခင်​ခရစ်တော်​ကို အစေခံ​ကြ​သည်​ဖြစ်၍ ဆုလာဘ်​အဖြစ်​အမွေ​တော်​ကို သခင်​ဘုရား​ထံမှ ရရှိ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ မတရားမှု​ပြု​သော​သူ​မူကား မိမိ​ပြု​သော​မတရားမှု​၏​အကျိုး​ကို ခံစားရ​လိမ့်မည်။ ဤတွင် မျက်နှာလိုက်​ခြင်း​မ​ရှိ။