YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 2:6-8

ကောလောသဲ 2:6-8 Judson Bible (JBMLE)

ထို​ကြောင့် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ခံ​ယူ​ပြီး​သည်​ဖြစ်၍၊ ထို​သ​ခင်၌ စိုက်​ပျိုး​ခြင်း၊ တည်​ဆောက်​ခြင်း ရှိ​လျက်၊ နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ပြီး​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၌ မြဲ​မြံ​စွာ​စွဲ​လမ်း​လျက်၊- ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။ ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။

ကောလောသဲ 2:6-8 Common Language Bible (BCL)

သင်​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​အား​အ​ရှင် သ​ခင်​အ​ဖြစ်​လက်​ခံ​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​အ​သက် ရှင်​ကြ​လော့။- သွန်​သင်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း​ကိုယ်​တော် ၌​နက်​နဲ​စွာ​အ​မြစ်​စွဲ​လျက်​ကိုယ်​တော်​အ​ပေါ်​၌ မိ​မိ​တို့​ဘ​ဝ​ကို​တည်​ဆောက်​ကာ​သင်​တို့​၏ ယုံ​ကြည်​ခြင်း​ကို​ပို​၍​ခိုင်​မြဲ​စေ​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​လော့။ ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။

ကောလောသဲ 2:6-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သင်​တို့​သည် သခင်​ခရစ်တော်​ယေရှု​ကို လက်ခံ​ကြ​သည်​နှင့်အညီ ထို​သခင်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ ကိုယ်တော်​၌​အမြစ်တွယ်​၍ တည်ဆောက်​ခြင်း​ခံရ​ကာ သင်​တို့​သင်ယူ​ခဲ့​သည့်​အတိုင်း ယုံကြည်​ခြင်း​၌​တည်မြဲ​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​လော့။ ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။