ကောလောသဲ 2:13-14
ကောလောသဲ 2:13-14 Judson Bible (JBMLE)
ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။
ကောလောသဲ 2:13-14 Common Language Bible (BCL)
သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊- ငါတို့၏အပြစ်ကြွေးစာရင်းကိုလည်းကောင်း၊ ၎င်းနှင့်ဆိုင်သောဥပဒေစည်းကမ်းများကို လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင်ရိုက်ခြင်း အားဖြင့်ပယ်ဖျက်တော်မူသည်။
ကောလောသဲ 2:13-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး ငါတို့ကိုဆန့်ကျင်၍အပြစ်ရှာတတ်သောစည်းမျဉ်းများပါသည့် ကတိခံဝန်ချက်ကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ရိုက်ထားလျက် ဖယ်ရှားတော်မူ၏။