YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 1:24-29

ကောလောသဲ 1:24-29 Judson Bible (JBMLE)

ငါ​ပေါ​လု​သည် ထို​တ​ရား​ကို ဟော​သော​ဆ​ရာ​ဖြစ်​သည်​နှင့် သင်​တို့​အ​ဖို့​အ​လို​ငှာ ဆင်း​ရဲ​ခံ​ခြင်း၌ ယ​ခု​ဝမ်း​မြောက်၍၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​အ​ကြွင်း​အ​ကျန်​ကို အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ ငါ့​ကိုယ်​ခ​န္ဓာ၌ ပြည့်​စုံ​စေ၏။- ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော်​လည်း၊ ယ​ခု​တွင် သန့်​ရှင်း​သူ​တို့​အား ဖော်​ပြ​သော နက်​နဲ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ကျိုး​ကို ထောက်၍၊ ငါ့​အား အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​နှင့်​အ​ညီ၊ ငါ​သည် အ​သင်း​တော်၌ ဓ​မ္မ​ဆ​ရာ၏ အ​ဖြစ်​သို့​ရောက်​ရ​ပြီ။- တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။- ခ​ရစ်​တော်​အား​ဖြင့် လူ​တိုင်း​စုံ​လင်​ခြင်း​သို့ ရောက်၍ လူ​ခပ်​သိမ်း​တို့​ကို ဆက်​သ​အံ့​သော​ငှာ၊ ငါ​တို့​သည် လူ​ခပ်​သိမ်း​တို့​ကို သ​တိ​ပေး၍ ပ​ညာ​အ​မျိုး​မျိုး​နှင့် ဆုံး​မ​သွန်​သင်​လျက် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။- ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။

ကောလောသဲ 1:24-29 Common Language Bible (BCL)

ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။- သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။- ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။- ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။- သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။- ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။

ကောလောသဲ 1:24-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် သင်​တို့​အတွက်​ခံရ​သော​ဒုက္ခ​ဝေဒနာ​၌ ယခု​ဝမ်းမြောက်​၍ ခရစ်တော်​၏​ဆင်းရဲ​ဒုက္ခ​တွင် လိုအပ်​သေး​သည့်​အပိုင်း​ကို ကိုယ်တော်​၏​ကိုယ်ခန္ဓာ​တည်းဟူသော​အသင်းတော်​အတွက် ငါ​၏​ကိုယ်ကာယ​၌ ဖြည့်ဆည်း​လျက်​ရှိ​၏။ ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို အပြည့်အဝ​ဟောပြော​စေရန် သင်​တို့​အတွက် ငါ့​အား​ပေး​တော်မူ​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​နှင့်အညီ ငါ​သည် ထို​အသင်းတော်​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။ ထို​နှုတ်ကပတ်​တော်​သည် ရှေး​ကာလ​များ​မှစ၍ ခေတ်ကာလ​အစဉ်အဆက်​ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ မိမိ​၏​သန့်ရှင်း​သူ​တို့​အား ဖွင့်ပြ​တော်မူ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။ ငါ​တို့​သည် လူ​တိုင်း​ကို ခရစ်တော်​၌​စုံလင်​ရင့်ကျက်​သော​သူ​အဖြစ် ဆက်သ​နိုင်​ရန် လူ​တိုင်း​ကို သတိပေး​ဆုံးမ​ကာ ဉာဏ်ပညာ​ရှိသမျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်သင်​လျက် ထို​သခင်​အကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။