YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 1:12-14

ကောလောသဲ 1:11-14 Common Language Bible (BCL)

သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။- ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။

ကောလောသဲ 1:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​ကို အလင်း​ထဲ၌​ရှိ​သော သန့်ရှင်း​သူ​များ​၏​ဝေစု​၌​ပါဝင်​ရန် ထိုက်တန်​သူ​ဖြစ်စေ​တော်မူ​သော​ခမည်းတော်​ကို ဝမ်းမြောက်​သော​စိတ်​နှင့် ကျေးဇူးတင်​ကြ​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။ ခမည်းတော်​သည် ငါ​တို့​ကို မှောင်မိုက်​ခြင်း​၏​အာဏာစက်​မှ ကယ်နုတ်​၍ မိမိ​ချစ်​တော်မူ​သော သား​တော်​၏​နိုင်ငံ​တော်​ထဲသို့ ရွှေ့ပြောင်း​ပို့ဆောင်​တော်မူ​၏။ ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။