YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9:13-15

အာမုတ် 9:13-15 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လယ်​ထွန်​သော​သူ​သည် စ​ပါး​ရိတ်​သော သူ​ကို​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​သော​သူ​သည် မျိုး​စေ့​ကြဲ​သော သူ​ကို​လည်း​ကောင်း​မီ​လျက်၊ တောင်​တို့​မှ ချို​သော​စ​ပျစ်​ရည်​ယို၍၊ ကုန်း​ရှိ​သ​မျှ​တို့​လည်း အ​ရည်​ဖြစ်​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် ပျက်​စီး​သော​မြို့​များ​ကို ပြု​ပြင်၍ နေ​ကြ​လိမ့်​မည်။ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်၍ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်။ လယ်​ယာ​များ​ကို ပြု​စု၍ အ​သီး​တို့​ကို စား​ကြ​လိမ့်​မည်။ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​စိုက်​ထား​မည်။ ငါ​ပေး​သော​ပြည်​မှ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​နုတ်​ရ​ဟု၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

အာမုတ် 9:13-15 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က ``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့် စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။ တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။ ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။ သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။ စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ငါ​ပေး​ခဲ့​သော နေ​ရင်း​ပြည်​၌​ပင်​နေ​ထိုင်​စေ​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​နောက်​တစ်​ဖန် ဆွဲ​နုတ်​ခြင်း​မ​ခံ​စေ​ရ'' ဟု သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​သား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

အာမုတ် 9:13-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ထွန်ယက်​သော​သူ​သည် ရိတ်သိမ်း​သော​သူ​ကို​လည်းကောင်း​၊ စပျစ်သီး​နင်းနယ်​သော​သူ​သည် မျိုးစေ့​ကြဲ​သော​သူ​ကို​လည်းကောင်း ကျော်လွန်​သွား​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်​။ တောင်​များ​ပေါ်တွင် စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​ရှိသမျှ​ကို ဖုံးလွှမ်း​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ “ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့် ငါ့​လူမျိုး​တော်​အစ္စရေး​အမျိုးသား​တို့​ကို ငါ​ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​သော​မြို့​များ​ကို ပြန်လည်​တည်ဆောက်​၍ နေထိုင်​ကြ​လိမ့်မည်​။ စပျစ်ပင်​များ​ကို စိုက်​၍ စပျစ်ဝိုင်​ကို သောက်​ရ​လိမ့်မည်​။ ဥယျာဉ်ခြံ​များ​ကို စိုက်ပျိုး​၍ အသီးအနှံ​တို့​ကို စား​ရ​လိမ့်မည်​။ သူ​တို့​ကို နေရင်းပြည်​၌ စိုက်ထား​မည်​။ ငါ​ပေး​သော​ပြည်​မှ သူ​တို့ ဆွဲနုတ်​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်”​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။