YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 8:1-3

အာမုတ် 8:1-3 Judson Bible (JBMLE)

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ နွေ​ကာ​လ​အ​သီး​ပါ​သော တောင်း​သည် ထင်​ရှား၏။ အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ နွေ​ကာ​လ အ​သီး​ပါ​သော​တောင်း​ကို မြင်​ပါ​သည်​ဟု ငါ​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​ဆုံး​ကာ​လ​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​လေ​ပြီ။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။ ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အာမုတ် 8:1-3 Common Language Bible (BCL)

ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​တွင်​အ​သီး မှည့်​များ​ထည့်​ထား​သော​ခြင်း​တောင်း​တစ်​ခု ကို​တွေ့​ရ​၏။- ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အာ​မုတ် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု မေး တော်​မူ​သ​ဖြင့်၊ ငါ​က​လည်း``အ​သီး​မှည့်​များ​ထည့်​ထား​သော ခြင်း​တောင်း​တစ်​ခု​ကို​မြင်​ရ​ပါ​သည်'' ဟု လျှောက်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​တို့​သည်​မှည့် ရော်​၍ ကြွေ​ပျက်​တော့​မည့်​နောက်​ဆုံး​သော ကာ​လ​သို့​ရောက်​လာ​ပြီ။ ငါ​သည်​သူ​တို့ ၏​ပြစ်​မှု​များ​ကို​သည်း​မ​ခံ​တော့​ဘဲ အ​ပြစ်​ပေး​ရ​တော့​မည်။- ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

အာမုတ် 8:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​တစ်​လုံး​ကို ငါ​မြင်​၏​။ ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။ “ထို​နေ့​တွင် ဗိမာန်တော်​ထဲမှ သီချင်းသံ​တို့​သည် ညည်းတွားငိုကြွေးသံ ဖြစ်​ရ​လိမ့်မည်​။ အလောင်းကောင်​တို့​သည် နေရာ​တိုင်း​တွင် တိတ်တဆိတ်​လွှင့်ပစ်​ခြင်း ခံရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။