YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 7:10-17

အာမုတ် 7:10-17 Judson Bible (JBMLE)

ထို​အ​ခါ ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ် အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​ထံ​သို့​စေ​လွှတ်၍၊ အာ​မုတ်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​လယ်​တွင် ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ပါ​ပြီ။ သူ၏​စ​ကား​အ​လုံး​စုံ​တို့​ကို ပြည်​တော်​သည် မ​ခံ​နိုင်​ပါ။ ယေ​ရော​ဗောင်​သည် ဓား​ဖြင့် သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မုတ်​ဆို​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။ အာ​မုတ်​ကို​လည်း ခေါ်၍၊ အို ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သို့ ပြေး​သွား​လော့။ ထို​ပြည်​မှာ ပ​ရော​ဖက်​ပြု၍ အ​သက်​မွေး​လော့။ နောက်​တစ်​ဖန် ဗေ​သ​လ​မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်။ ရှင်​ဘု​ရင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ နန်း​တော်​တည်​ရာ​မြို့​လည်း​ဖြစ်၏​ဟု ဆို​လျှင်၊ အာ​မုတ်​က၊ ငါ​သည် ပ​ရော​ဖက်​မ​ဟုတ်၊ ပ​ရော​ဖက်၏​သား​လည်း မ​ဟုတ်​ဘဲ၊ နွား​ကျောင်း​သော​သူ၊ သ​ဖန်း​သီး​ကို ဆွတ်​သော​သူ​ဖြစ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နွား​ကျောင်း​ရာ​မှ ငါ့​ကို​နုတ်​ယူ၍၊ သင်​သွား​လော့။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် ပ​ရော​ဖက်​ပြု​လော့​ဟု မိန့်​တော်​မူ၏။ သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်၊ ဣ​ဇာက်​အ​မျိုး​တစ်​ဖက်၌ မ​မြွက်​နှင့်​ဟု သင်​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်၏​မ​ယား​သည် ပြည့်​တန်​ဆာ​ဖြစ်​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​သည် ဓား​ဖြ​င့်​သေ​ကြ​လိ​မ့်​မည်။ သူ​တစ်​ပါး​တို့​သည် သင်၏​မြေ​ကို ကြိုး​တန်း​ချ၍ ဝေ​ဖန်​ကြ​လိမ့်​မည်။ သင်​သည် ညစ်​ညူး​သော​ပြည်၌ သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မ​ဇိ​အား ဆင့်​ဆို​လေ၏။

အာမုတ် 7:10-17 Common Language Bible (BCL)

ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။- `ယေ​ရော​ဗောင်​မင်း​သည်​တိုက်​ပွဲ​၌​ကျ​ဆုံး ပြီး​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် မိ​မိ​တို့ ၏​နိုင်​ငံ​မှ​တစ်​ပါး​တစ်​နိုင်​ငံ​သို့​ဖမ်း​သွား ခံ​ရ​မည်' ဟု​ဟော​နေ​ပါ​သည်'' ဟူ​၍​သံ တော်​ဦး​တင်​လိုက်​၏။ ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။- ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။ ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။- သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။- ထို​သို့​ဆို​သော​ကြောင့်​သင့်​ကို​ထာ​ဝ​ရ ဘု​ရား​က ဤ​သို့​မိန့်​တော်​မူ​ပြီ။ `သင်​၏ မ​ယား​သည်​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက် သွား​ရ​မည်။ သင်​၏​သား​သ​မီး​များ​သည် လည်း​စစ်​ပွဲ​၌​ကျ​ဆုံး​ရ​လိမ့်​မည်။ သင်​ပိုင် သော​မြေ​ယာ​များ​ကို​ခွဲ​ဝေ​ကာ​သူ​တစ်​ပါး လက်​သို့​ပေး​အပ်​လိုက်​မည်။ သင်​ကိုယ်​တိုင်​သည် မိစ္ဆာ​နိုင်​ငံ​တစ်​ခု​၌​သေ​ဆုံး​ရ​မည်။ ဣ​သ​ရေ​လ ပြည်​သား​သည်​မိ​မိ​တို့​နေ​ရင်း​နိုင်​ငံ​မှ တိုင်း တစ်​ပါး​သို့​ချုပ်​နှောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​မည်' ''ဟု​အာ​မ​ဇိ​အား​ပြန်​၍​ဆို လိုက်​၏။

အာမုတ် 7:10-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ဗေသလ​မြို့​ရှိ ယဇ်ပုရောဟိတ်​အာမဇိ​က အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “အာမုတ်​သည် အစ္စရေး​အမျိုး​တို့​အလယ်​တွင် အရှင်မင်းကြီး​ကို လျှို့ဝှက်ကြံစည်​နေ​ပါ​ပြီ​။ ပြည်​တော်​သည် သူ့​စကား​အလုံးစုံ​တို့​ကို ခံ​နိုင်​မည်​မ​ဟုတ်​ပါ​။ အကြောင်းမူကား အာမုတ်​က ‘​ယေရောဗောင်​မင်းကြီး​သည် ဓား​ဖြင့်​သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် နေရင်းပြည်​မှ အမှန်ပင်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ ဟောပြော​ပါ​သည်”​ဟု လျှောက်ဆို​စေ​၏​။ ထို့ပြင် အာမဇိ​က အာမုတ်​အား “​အို ဗျာဒိတ်​ရ​သူ​၊ ယုဒ​ပြည်​သို့ ပြန်ပြေး​လော့​။ ထို​ပြည်​တွင် ပရောဖက်ပြု​၍ အသက်မွေး​လော့​။ ဗေသလ​မြို့​တွင် ပရောဖက်​မ​ပြု​တော့​နှင့်​။ အကြောင်းမူကား ဤ​မြို့​သည် ရှင်ဘုရင်​၏​သန့်ရှင်း​ရာ​မြို့​၊ မင်းနေပြည်တော်​မြို့​ဖြစ်​၏​”​ဟု ဆို​၏​။ အာမုတ်​က​လည်း အာမဇိ​အား “​ငါ​သည် ပရောဖက်​မ​ဟုတ်​၊ ပရောဖက်​၏​သား​လည်း​မ​ဟုတ်​။ ငါ​သည် သိုး​များ​ကို ထိန်းကျောင်းသူ​၊ သင်္ဘောသဖန်းပင်​များ​ကို စိုက်ပျိုး​ပြုစု​သူ​ဖြစ်​၏​။ သို့သော် ထာဝရဘုရား​သည် ငါ့​ကို သိုးကျောင်း​ရာ​မှ ခေါ်ထုတ်​ပြီးလျှင် ထာဝရဘုရား​က ‘ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အား သွား​၍​ပရောဖက်ပြု​ဟောပြော​လော့’​ဟု မိန့်ဆို​၏​။ ထို့ကြောင့် ယခု ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ သင်​က ‘အစ္စရေး​လူမျိုး​ကို ဆန့်ကျင်​၍ ပရောဖက်​မ​ပြု​နှင့်​၊ ဣဇက်​အမျိုးအနွယ်​ကို ဆန့်ကျင်​၍ မ​ဟောပြော​နှင့်​’​ဟု ဆို​၏​။ သို့သော် ထာဝရဘုရား​က ‘​သင့်​မယား​သည် မြို့​ထဲတွင် ပြည့်တန်ဆာမ ဖြစ်​မည်​။ သင့်​သား​သမီး​တို့​သည် ဓား​ဖြင့်​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သင်​၏​မြေ​ကို​လည်း ကြိုး​ဖြင့်​တိုင်းတာ​ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ သင်​သည်​လည်း မစင်ကြယ်​သော​ပြည်​တွင် သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည်​လည်း နေရင်းပြည်​မှ သုံ့ပန်း​အဖြစ် မုချ​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြန်ပြော​လေ​၏​။