YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာ​မုတ် 7:10-17

အာ​မုတ် 7:10-17 BCL

ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။- `ယေ​ရော​ဗောင်​မင်း​သည်​တိုက်​ပွဲ​၌​ကျ​ဆုံး ပြီး​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် မိ​မိ​တို့ ၏​နိုင်​ငံ​မှ​တစ်​ပါး​တစ်​နိုင်​ငံ​သို့​ဖမ်း​သွား ခံ​ရ​မည်' ဟု​ဟော​နေ​ပါ​သည်'' ဟူ​၍​သံ တော်​ဦး​တင်​လိုက်​၏။ ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။- ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။ ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။- သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။- ထို​သို့​ဆို​သော​ကြောင့်​သင့်​ကို​ထာ​ဝ​ရ ဘု​ရား​က ဤ​သို့​မိန့်​တော်​မူ​ပြီ။ `သင်​၏ မ​ယား​သည်​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက် သွား​ရ​မည်။ သင်​၏​သား​သ​မီး​များ​သည် လည်း​စစ်​ပွဲ​၌​ကျ​ဆုံး​ရ​လိမ့်​မည်။ သင်​ပိုင် သော​မြေ​ယာ​များ​ကို​ခွဲ​ဝေ​ကာ​သူ​တစ်​ပါး လက်​သို့​ပေး​အပ်​လိုက်​မည်။ သင်​ကိုယ်​တိုင်​သည် မိစ္ဆာ​နိုင်​ငံ​တစ်​ခု​၌​သေ​ဆုံး​ရ​မည်။ ဣ​သ​ရေ​လ ပြည်​သား​သည်​မိ​မိ​တို့​နေ​ရင်း​နိုင်​ငံ​မှ တိုင်း တစ်​ပါး​သို့​ချုပ်​နှောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​မည်' ''ဟု​အာ​မ​ဇိ​အား​ပြန်​၍​ဆို လိုက်​၏။