YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 5:21-24

အာမုတ် 5:21-24 Judson Bible (JBMLE)

သင်​တို့​စောင့်​သော​ပွဲ​နေ့​တို့​ကို ငါ​မုန်း၏။ စက်​ဆုပ်​ရွံ​ရှာ၏။ ခြိုး​ခြံ​စွာ​ကျင့်​သော​နေ့​ရက်​တို့၌ ငါ​မ​မွေ့​လျော်။ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။ သင်​တို့​သီ​ချင်း​ဆို​သံ​ကို ပယ်​ရှား​ကြ​လော့။ တ​ယော​ထိုး​သံ​ကို ငါ​နား​ငြီး​လှ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ရေ​ကဲ့​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို မ​ပြတ်​စီး​သော မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း စီး​စေ​ကြ​လော့။

အာမုတ် 5:21-24 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။- သင်​တို့​မီး​ပူ​ဇော်​ခြင်း၊ ဂျုံ​စ​ပါး​ဆက်​ကပ် ခြင်း​ကို​ငါ​လက်​မ​ခံ​နိုင်။ ဆူ​ဖြိုး​သော​သား ကောင်​တို့​ဖြင့် ပူ​ဇော်​ခြင်း​ကို​လည်း​ငါ အ​လို​မ​ရှိ။- ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။- တ​ရား​မျှ​တ​ရေး​သည်​စမ်း​ရေ​ကဲ့​သို့​လည်း ကောင်း၊ ဖြောင့်​မတ်​ခြင်း​သည်​မ​ခန်း​နိုင်​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​စီး​ပါ​လေ​စေ။

အာမုတ် 5:21-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“သင်​တို့​ကျင်းပ​သော​ပွဲ​များ​ကို ငါ​မုန်း​၏​။ ငါ​ရွံရှာ​၏​။ သင်​တို့​ပြု​သော​ဓမ္မစည်းဝေးပွဲ​များ​ကို​လည်း ငါ​မ​နှစ်သက်​။ သင်​တို့​ပူဇော်​သော မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဆူဖြိုး​သော​ယဇ်ကောင်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လျှင်​လည်း ငါ​အရေးစိုက်​မည်​မ​ဟုတ်​။ သင်​၏​သီချင်း​သံ​များ​ကို ငါ့​ထံမှ ဖယ်ရှား​လော့​။ သင်​၏​စောင်း​သံ​ကို​လည်း ငါ​နား​မ​ထောင်​လို​။ တရားမျှတ​ခြင်း​ကို မြစ်ရေ​သဖွယ် စီးဆင်း​စေ​လော့​။ ဖြောင့်မတ်​ခြင်း​ကို​လည်း ချောင်းရေ​သဖွယ် အစဉ်​စီးဆင်း​စေ​လော့​။