YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 5:18-27

အာမုတ် 5:18-27 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​ကို တောင့်​တ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သင်​တို့​သည် အ​ဘယ် အ​ကျိုး​ရှိ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် သင်​တို့၌ လင်း​သည်​မ​ဟုတ်၊ အ​မိုက်​ဖြစ်​လိမ့်​မည်။ လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည်​မ​လင်း​ဘဲ မိုက်​လိမ့်​မည်။ ထွန်း​လင်း​ခြင်း အ​လျှင်း​မ​ရှိ၊ အ​မိုက်​သက်​သက် ဖြစ်​လိမ့်​မည်။ သင်​တို့​စောင့်​သော​ပွဲ​နေ့​တို့​ကို ငါ​မုန်း၏။ စက်​ဆုပ်​ရွံ​ရှာ၏။ ခြိုး​ခြံ​စွာ​ကျင့်​သော​နေ့​ရက်​တို့၌ ငါ​မ​မွေ့​လျော်။ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။ သင်​တို့​သီ​ချင်း​ဆို​သံ​ကို ပယ်​ရှား​ကြ​လော့။ တ​ယော​ထိုး​သံ​ကို ငါ​နား​ငြီး​လှ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ရေ​ကဲ့​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို မ​ပြတ်​စီး​သော မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း စီး​စေ​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား​ပူ​ဇော်​ကြ​သ​လော။ သင်​တို့​ဘု​ရား မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ခိ​အုန်၏​ကြယ်​တည်း​ဟူ​သော ကိုယ်​အ​ဖို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ​တ​ကား။ ထို​ကြောင့်၊ သင်​တို့​ကို ဒ​မာ​သက်​မြို့​တစ်​ဖက်​သို့ သိမ်း​သွား​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အာမုတ် 5:18-27 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ကို​စောင့်​မျှော် နေ​သူ​များ​အ​တွက် အ​လွန်​ကြောက်​စ​ရာ ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​နေ့​တော် သည်​သင်​တို့​ကို​မည်​သို့​လျှင်​အ​ကျိုး​ပြု နိုင်​မည်​နည်း။ အ​လင်း​မ​ရှိ​ဘဲ​အ​မှောင်​ဖုံး သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။- ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​သည်​အ​လင်း မ​ရ​ဘဲ အ​မှောင်​ကျ​သော​နေ့​ဖြစ်​လိမ့်​မည်။ ထွန်း​တောက်​ခြင်း​အ​လျှင်း​မ​ရှိ​ဘဲ အ​မှောင်​ထု ကြီး​ဖုံး​နေ​သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။- သင်​တို့​မီး​ပူ​ဇော်​ခြင်း၊ ဂျုံ​စ​ပါး​ဆက်​ကပ် ခြင်း​ကို​ငါ​လက်​မ​ခံ​နိုင်။ ဆူ​ဖြိုး​သော​သား ကောင်​တို့​ဖြင့် ပူ​ဇော်​ခြင်း​ကို​လည်း​ငါ အ​လို​မ​ရှိ။- ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။- တ​ရား​မျှ​တ​ရေး​သည်​စမ်း​ရေ​ကဲ့​သို့​လည်း ကောင်း၊ ဖြောင့်​မတ်​ခြင်း​သည်​မ​ခန်း​နိုင်​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​စီး​ပါ​လေ​စေ။ ``အို ဣ​သ​ရေ​လ​အမျိုး​သား​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​ထဲ​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​နေ​စဉ်​က​ယဇ်​ပူ​ဇော်​သ​ကာ​တို့ ကို ငါ့​အား​မ​ပူ​ဇော်​ဘဲ​နေ​ခဲ့​ကြ​သည်​မ ဟုတ်​လော။- သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ကိုယ်​တိုင်​ထု လုပ်​၍ ကိုး​ကွယ်​နေ​ကြ​သော​မော​လုပ်​နှင့်​ခိ​အုန် ကြယ်​ဘု​ရား​ရုပ်​တု​များ​ကို ယ​ခု​ပင်​လျှင် ကိုယ်​တိုင်​ထမ်း​ယူ​သွား​ရ​တော့​မည်။- ငါ​သည်​သင်​တို့​ကို​ဒ​မာ​သက်​မြို့​တစ်​ဘက် သို့​ဖမ်း​ယူ​သွား​တော့​မည်'' ဟု​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။

အာမုတ် 5:18-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​နေ့​တော်​ကို စောင့်မျှော်​သော​သူ​တို့​သည် အမင်္ဂလာ ရှိ​ကြ​၏​။ ထာဝရဘုရား​၏​နေ့​တော်​ကို အဘယ်ကြောင့် သင်​တို့ စောင့်မျှော်​သနည်း​။ ထို​နေ့​သည် အလင်း​မ​ဟုတ်​၊ အမှောင် ဖြစ်​လိမ့်မည်​။ လူ​သည် ခြင်္သေ့​ထံ​မှ​ပြေးလွတ်​သော်လည်း ဝက်ဝံ​နှင့် ပက်ပင်းတိုး​သကဲ့သို့​လည်းကောင်း​၊ အိမ်​ထဲသို့​ဝင်​၍ နံရံ​ကို လက်​နှင့်​ထောက်​လိုက်​စဉ် မြွေ​ကိုက်​ခံရ​သကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​နေ့​တော်​သည် အလင်း​မ​ရှိ​၊ အမှောင်ကျ​သော​နေ့ ဖြစ်​မည်​မ​ဟုတ်​လော​။ လင်းရောင်ခြည်​မ​ရှိ​၊ မှောင်ပိန်း​သော​နေ့ ဖြစ်​မည်​မ​ဟုတ်​လော​။ “သင်​တို့​ကျင်းပ​သော​ပွဲ​များ​ကို ငါ​မုန်း​၏​။ ငါ​ရွံရှာ​၏​။ သင်​တို့​ပြု​သော​ဓမ္မစည်းဝေးပွဲ​များ​ကို​လည်း ငါ​မ​နှစ်သက်​။ သင်​တို့​ပူဇော်​သော မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဆူဖြိုး​သော​ယဇ်ကောင်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လျှင်​လည်း ငါ​အရေးစိုက်​မည်​မ​ဟုတ်​။ သင်​၏​သီချင်း​သံ​များ​ကို ငါ့​ထံမှ ဖယ်ရှား​လော့​။ သင်​၏​စောင်း​သံ​ကို​လည်း ငါ​နား​မ​ထောင်​လို​။ တရားမျှတ​ခြင်း​ကို မြစ်ရေ​သဖွယ် စီးဆင်း​စေ​လော့​။ ဖြောင့်မတ်​ခြင်း​ကို​လည်း ချောင်းရေ​သဖွယ် အစဉ်​စီးဆင်း​စေ​လော့​။ အို အစ္စရေး​အမျိုးအနွယ်​တို့​၊ တောကန္တာရ​ထဲ၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​နေစဉ် ငါ့​ထံ ယဇ်ကောင်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို သင်​တို့ ပူဇော်​ဖူး​သလော​။ သင်​တို့​သည် သင်​တို့​ဘုရင်​၏​စက္ကုတ်​နှင့် ခိအုန်​ရုပ်တု​များ​၊ သင်​တို့​ကိုးကွယ်​ရန် ကိုယ်တိုင်​လုပ်​သော​ကြယ်​နတ်ဘုရား​များ​ကို​လည်း သယ်ဆောင်​ကြ​၏​။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဒမတ်စကပ်​မြို့​နှင့်​ဝေး​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​စေ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ဟူ၍ နာမ​တော်​ရှိ​တော်မူ​သော​ထာဝရဘုရား မိန့်​တော်မူ​၏​။