YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:9-19

တမန်တော် 9:9-19 Judson Bible (JBMLE)

သုံး​ရက်​ပတ်​လုံး မျက်​စိ​မ​မြင်၊ မ​စား​မ​သောက်​ဘဲ နေ​လေ၏။ ထို​အ​ခါ အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက်​သည် ဒ​မာ​သက်​မြို့၌​ရှိ၏။ ထို​သူ​ကို သ​ခင်​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ အာ​န​နိ​ဟူ၍ ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က၊ သ​ခင်​ဘု​ရား အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်၏။- သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။- မိ​မိ​မျက်​စိ​ကို မြင်​ပြန်​စေ​ခြင်း​ငှာ အာ​န​နိ​အ​မည်​ရှိ​သော​သူ​သည် ဝင်၍၊ မိ​မိ​အ​ပေါ်၌ လက်​တင်​သည်​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မြင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- အာ​န​နိ​က​လည်း၊ သ​ခင်​ဘု​ရား၊ ထို​သူ​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​ကို အ​ဘယ်​မျှ​လောက်​ပင် ညှဉ်း​ဆဲ​သည်​ကို လူ​များ​ပြော၍ အ​ကျွန်ုပ်​ကြား​ရ​ပါ​ပြီ။- ဤ​အ​ရပ်၌​လည်း ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​ရှိ​သ​မျှ​တို့​ကို ချည်​နှောင်​ရ​မည်​အ​ခွင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ ရ​ပါ​သည်​ဟု ပြန်​လျှောက်၏။- သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ငါ၏​နာ​မ​ကြောင့် အ​ဘယ်​မျှ​လောက်​ပင် ဆင်း​ရဲ​ခံ​ရ​မည်​ကို ငါ​သည် သူ့​အား​ပြ​မည်။ ထို​ကြောင့် သင်​သွား​လော့​ဟု အာ​န​နိ​အား မိန့်​တော်​မူ၏။- အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။- ထို​ခ​ဏ၌ ရှော​လု၏ မျက်​စိ​မှ ငါး​ကြေး​ကွာ​ကျ​သ​ကဲ့​သို့ ဖြစ်၍၊ မျက်​စိ​မြင်​ပြန်​သ​ဖြင့် ထ၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​လျှင်၊ အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်၍ အား​ဖြည့်​လေ၏။ ထို​နောက် ရှော​လု​သည် ဒ​မာ​သက်​မြို့၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ကာ​လ​အ​တန်​အ​ရာ​နေ၍၊

တမန်တော် 9:9-19 Common Language Bible (BCL)

သူ​သည်​သုံး​ရက်​တိုင်​တိုင်​မျက်​စိ​အ​လင်း ကွယ်​လျက်​နေ​၏။ ထို​သုံး​ရက်​အ​တွင်း​မ​စား မ​သောက်​ဘဲ​နေ​၏။ ဒ​မာ​သက်​မြို့​တွင်​အာ​န​နိ​နာ​မည်​ရှိ​သူ တ​ပည့်​တော်​တစ်​ယောက်​ရှိ​၏။ ဗျာ​ဒိတ်​ရူ​ပါ ရုံ​ထဲ​တွင်​သ​ခင်​ဘု​ရား​က​အာ​န​နိ​အား ``အာ​န​နိ'' ဟု​ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က ``ရှိ​ပါ​သည်​သ​ခင်​ဘု​ရား'' ဟု လျှောက်​၏။ သ​ခင်​ဘု​ရား​က​လည်း ``သင်​သည်​ထ​၍​လမ်း ဖြောင့်​အ​မည်​တွင်​သော​လမ်း​သို့​သွား​လော့။ တာ​ရှု မြို့​သား​ရှော​လု​ဆို​သူ​ကို ယု​ဒ​၏​အိမ်​တွင်​စုံ စမ်း​မေး​မြန်း​လော့။ သူ​သည်​ဆု​တောင်း​လျက် နေ​၏။- သူ​သည်​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ​နိုင် ရန် အာ​န​နိ​ဆို​သူ​လာ​၍​မိ​မိ​အ​ပေါ်​မှာ လက်​တင်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင် ရ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ အာ​န​နိ​က ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​ယေ​ရု ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​၏​လူ​စု​တော်​အား​မည် မျှ​ဒုက္ခ​ပေး​ခဲ့​သည်​ကို လူ​အ​မြောက်​မြား​ထံ မှ​အ​ကျွန်ုပ်​ကြား​သိ​ရ​ပါ​၏။- ထို့​ပြင်​ကိုယ်​တော်​အား​ပတ္ထနာ​ပြု​သူ​မှန်​သ​မျှ ကို​လည်း ဖမ်း​ဆီး​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့ ထံ​မှ​အ​ခွင့်​အာ​ဏာ​ရ​ရှိ​ထား​သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။- ငါ​၏​နာ​မ​တော်​အ​တွက်​ကြောင့်​သူ​ခံ​ရ​မည့် ဒုက္ခ​ဆင်း​ရဲ​အ​ကြောင်း​ကို သူ့​အား​ငါ​ကိုယ် တိုင်​ဖော်​ပြ​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​အာ​န​နိ​သည်​ရှော​လု​ရှိ​သည့်​အိမ် သို့​သွား​၍ ရှော​လု​၏​အ​ပေါ်​မှာ​လက်​ကို​တင် ပြီး​လျှင် ``ငါ့​ညီ၊ သင်​သည်​မျက်​စိ​အ​လင်း​ကို ပြန်​လည်​ရ​ရှိ​စေ​ရန်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လာ​စေ​ရန်​လည်း ကောင်း၊ လမ်း​ခ​ရီး​တွင်​သင့်​အား​ထင်​ရှား​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် ငါ့​အား​သင့်​ထံ​သို့ စေ​လွှတ်​တော်​မူ​လိုက်​၏'' ဟု​ဆို​၏။- ထို​အ​ခါ​ချက်​ချင်း​ပင်​ရှော​လု​သည်​မျက်​စိ​မှ အ​ကြေး​များ​ကွာ​ကျ​သ​ကဲ့​သို့​ဖြစ်​ပြီး​လျှင် မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​၏။ သူ​သည် ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လေ​သည်။- ထို​နောက်​အ​စား​အ​စာ​သုံး​ဆောင်​ပြီး​သော အ​ခါ​ခွန်​အား​ပြည့်​လာ​၏။

တမန်တော် 9:9-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​သည် သုံး​ရက်​တိုင်တိုင် မျက်စိ​ကွယ်​လျက် မ​စား​မ​သောက်​ဘဲ​နေ​လေ​၏။ ဒမတ်စကပ်​မြို့​တွင် အာနနိ​အမည်​ရှိ​သော တပည့်​တော်​တစ်​ဦး​ရှိ​၏။ သခင်​ဘုရား​သည် ရူပါရုံ​၌“အာနနိ”​ဟု ခေါ်​တော်မူ​လျှင် အာနနိ​က “အကျွန်ုပ်​ရှိ​ပါ​သည် သခင်​ဘုရား”​ဟု ပြန်​လျှောက်​လေ​၏။ သခင်​ဘုရား​က​လည်း“သင်​သည်​ထ​၍ လမ်းဖြောင့်​ဟု​ခေါ်​သော လမ်းကြား​တစ်​ခု​သို့​သွား​ပြီးလျှင် ရှောလု​အမည်​ရှိ​သော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌ မေးမြန်း​ရှာဖွေ​လော့။ အကြောင်းမူကား သူ​သည် ဆုတောင်း​လျက်​နေ​၍ အာနနိ​အမည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်စိ​ပြန်​မြင်​စေရန် သူ့​အပေါ်​လက်​တင်​သည်​ကို ရူပါရုံ​၌​မြင်​ခဲ့​ပြီ”​ဟု မိန့်​တော်မူ​၏။ အာနနိ​က​လည်း “သခင်​ဘုရား၊ ထို​သူ​သည် ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အပေါ် မကောင်းမှု​များ မည်မျှလောက်​ပြု​ခဲ့​သည်​ကို လူ​များစွာ​တို့​ထံမှ အကျွန်ုပ်​ကြား​ရ​ပါ​သည်။ ဤ​အရပ်​၌​လည်း ကိုယ်တော်​၏​နာမ​တော်​အား ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​ကို​ချည်နှောင်​ထား​ရန် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို သူ​ရရှိ​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ သို့သော် သခင်​ဘုရား​က“သွား​လော့။ ဤ​သူ​ကား လူမျိုးခြား​များ၊ ရှင်ဘုရင်​များ​နှင့် အစ္စရေး​အမျိုးသား​များ​ရှေ့​သို့ ငါ​၏​နာမ​ကို​ယူဆောင်​သွား​ရန် ငါ​ရွေးကောက်​ထား​သော​တန်ဆာပလာ​ဖြစ်​၏။ သူ​သည် ငါ​၏​နာမ​အတွက် မည်မျှ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ကို သူ့​အား ငါ​ပြသ​မည်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့​ဝင်​ပြီးလျှင် ရှောလု​အပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှောလု၊ သင်​သည် မျက်စိ​ပြန်​မြင်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်ရှား​သော​သခင်​ယေရှု​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ဆို​လေ​၏။ ထို​ခဏချင်း​တွင် ငါး​အကြေးခွံ​ကဲ့သို့သော​အရာ​သည် ရှောလု​၏​မျက်စိ​မှ ကွာ​ကျ​၍ သူ​သည် မျက်စိ​ပြန်​မြင်​လေ​၏။ သူ​သည် ထ​၍ ဗတ္တိဇံ​ခံ​ပြီး အစားအစာ​ကို​သုံးဆောင်​ရာ အား​ပြန်​ပြည့်​လာ​၏။