YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:22-25

တမန်တော် 9:22-25 Judson Bible (JBMLE)

ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။ ကာ​လ​ကြာ​မြင့်​ပြီး​မှ၊ ရှော​လု​ကို​သတ်​အံ့​သော​ငှာ၊ ယု​ဒ​လူ​တို့​သည် အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။- ထို​အ​ကြံ​အ​စည်​ကို ရှော​လု​သည်​သိ၏။ သူ့​ကို​သတ်​အံ့​သော​ငှာ မြို့​တံ​ခါး​တို့​ကို နေ့​ည​မ​ပြတ် စောင့်​ကြ​သော​ကြောင့်၊- သူ​၏​တ​ပည့်​တို့​သည် ည​အ​ခါ​သူ့​ကို​ယူ၍ တောင်း၌ ထည့်​ပြီး​လျှင် မြို့​ရိုး​ပေါ်​က လျှော့​ချ​ကြ၏။

တမန်တော် 9:22-25 Common Language Bible (BCL)

သို့​သော်​ရှော​လု​က​သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ဖြစ်​တော်​မူ​ကြောင်း​ကို ပိုင်​ပိုင်​နိုင်​နိုင်​သက်​သေ​ပြ ၍​ဟော​ပြော​ရာ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး သား​တို့​ပြန်​လည်​၍​မ​ချေ​ပ​နိုင်​ကြ​ပေ။ ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။- သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။- သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။

တမန်တော် 9:22-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ရှောလု​သည် ခွန်အား​နှင့် ပို၍​ပြည့်စုံ​လာ​ပြီး ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း သက်သေ​ထူ​ကာ ဒမတ်စကပ်​မြို့​၌​နေထိုင်​ကြ​သော​ဂျူး​လူမျိုး​တို့​ကို အံ့ဩ​တွေဝေ​စေ​၏။ ရက်​ပေါင်း​များစွာ​ကြာ​သောအခါ ဂျူး​လူမျိုး​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​ကြ​သော်လည်း သူ​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကို ရှောလု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံခါး​များ​ကို စောင့်ကြပ်​ထား​ကြ​၏။ သို့သော် ရှောလု​၏​တပည့်​တို့​သည် ည​အချိန်​၌ သူ့​ကို​ခေါ်ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့ရိုး​ပေါ်မှ​လျှောချ​ကြ​၏။