YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:4-7

တမန်တော် 8:4-7 Judson Bible (JBMLE)

ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။ ဖိ​လိ​ပ္ပု​သည်​လည်း၊ ရှ​မာ​ရိ​မြို့​သို့​သွား၍ ခ​ရစ်​တော်၏ အ​ကြောင်း​ကို​ဟော​လေ၏။- လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။

တမန်တော် 8:4-7 Common Language Bible (BCL)

ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။- ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။- လူ​ပ​ရိ​သတ်​တို့​သည်​ဖိ​လိပ္ပု​ပြ​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​မြင်​သ​ဖြင့် သူ​၏​တ​ရား စ​ကား​ကို​အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​၏။- နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။

တမန်တော် 8:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကွဲလွင့်​သွား​သော​သူ​တို့​မူကား နှုတ်ကပတ်​တရား​ကို လှည့်လည်​ဟောပြော​ကြ​၏။ ဖိလိပ္ပု​သည်​လည်း ရှမာရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခရစ်တော်​အကြောင်း​ကို​ဟောပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။ အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။