YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 8:4-7

တမန်တော်ဝတ္ထု 8:4-7 MSBU

ကွဲလွင့်​သွား​သော​သူ​တို့​မူကား နှုတ်ကပတ်​တရား​ကို လှည့်လည်​ဟောပြော​ကြ​၏။ ဖိလိပ္ပု​သည်​လည်း ရှမာရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခရစ်တော်​အကြောင်း​ကို​ဟောပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။ အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။