YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 5:17-21

တမန်တော် 5:17-21 Judson Bible (JBMLE)

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဇ​ဒ္ဒု​ကဲ​ဖြစ်​သော ထို​မင်း၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ထ၍ ဒေါ​သ​အ​မျက်​နှင့် ပြည့်​ကြ​သ​ဖြင့်၊- တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး၍ ထောင်​ထဲ၌ လှောင်​ထား​ကြ၏။- ည​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​ကို​ဖွင့်​ပြီး​လျှင်၊ ထို​သူ​တို့​ကို​နုတ်၍၊ သင်​တို့​သွား​ကြ​လော့။- ဗိ​မာန်​တော်၌ ရပ်၍ အ​သက်​ရှင်​ခြင်း တ​ရား​စ​ကား​အ​လုံး​စုံ​ကို လူ​များ​တို့​အား ဟော​ပြော​ကြ​လော့​ဟု မှာ​ထား၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ နံ​နက်​စော​စော ဗိ​မာန်​တော်​သို့​ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လာ​ကြ​သ​ဖြင့်၊ လွှတ်​အ​ရာ​ရှိ​မှ​စ၍ ဣ​သ​ရေလ​လူ​တို့​တွင် အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ တ​မန်​တော်​တို့​ကို​ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို ထောင်​သို့ စေ​လွှတ်​ကြ၏။

တမန်တော် 5:17-21 Common Language Bible (BCL)

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​နောက် လိုက်​များ​ဖြစ်​သော ဒေ​သ​ဆိုင်​ရာ​ဇဒ္ဒု​ကဲ​ဂိုဏ်း ဝင်​များ​သည် တ​မန်​တော်​တို့​ကို​လွန်​စွာ​မ​နာ လို​ဝန်​တို​စိတ်​ရှိ​လာ​ကြ​သ​ဖြင့် သူ​တို့​ကို အ​ရေး​ယူ​ရန်​ဆုံး​ဖြတ်​ကြ​၏။- သူ​တို့​သည်​တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင် ထောင်​တွင်​အ​ကျဉ်း​ချ​ထား​ကြ​၏။- သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊- ``သင်​တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍ လူ​တို့ အား​ဘ​ဝ​သစ်​အ​ကြောင်း​အ​လုံး​စုံ​ကို ဟော​ပြော​ကြ​လော့'' ဟု​ဆို​၏။- တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​အ​ပေါင်း​ဖော်​တို့ သည် တ​ရား​လွှတ်​တော်​အ​စည်း​အ​ဝေး​ကို​ပြု လုပ်​ရန် အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၏။ ထို​နောက်​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ လွှတ်​တော်​ရဲ​များ​ကို​အ​ကျဉ်း ထောင်​သို့​စေ​လွှတ်​ကြ​၏။

တမန်တော် 5:17-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက် တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ ပြည်သူ့​အချုပ်​ထောင်​ထဲ၌ ထည့်​ထား​ကြ​၏။ သို့သော် ည​အခါ​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် ထောင်​တံခါး​များ​ကို​ဖွင့်​၍ တမန်တော်​တို့​ကို​ခေါ်ထုတ်​ပြီးလျှင် “သွား​၍ ဗိမာန်​တော်​ထဲ၌​ရပ်​လျက် ဤ​အသက်ရှင်​ခြင်း​နှင့်ဆိုင်သော တရား​စကား​အလုံးစုံ​တို့​ကို လူ​တို့​အား​ဟောပြော​ကြ​လော့”​ဟု ဆို​၏။ တမန်တော်​တို့​သည်​လည်း​ကြား​လျှင် အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် ရောက်လာ​ကြ​သောအခါ တရား​လွှတ်တော်​နှင့် အစ္စရေး​အမျိုးသား​တို့​၏​လူကြီး​အဖွဲ့​အားလုံး​တို့​ကို စုရုံး​စေ​ပြီးလျှင် တမန်တော်​တို့​ကို​ခေါ်လာ​ရန် အစောင့်​တပ်သား​တို့​ကို ထောင်​ခန်း​သို့​စေလွှတ်​လိုက်​ကြ​၏။