YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 5:17-21

တမန်တော်ဝတ္ထု 5:17-21 MSBU

ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက် တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ ပြည်သူ့​အချုပ်​ထောင်​ထဲ၌ ထည့်​ထား​ကြ​၏။ သို့သော် ည​အခါ​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် ထောင်​တံခါး​များ​ကို​ဖွင့်​၍ တမန်တော်​တို့​ကို​ခေါ်ထုတ်​ပြီးလျှင် “သွား​၍ ဗိမာန်​တော်​ထဲ၌​ရပ်​လျက် ဤ​အသက်ရှင်​ခြင်း​နှင့်ဆိုင်သော တရား​စကား​အလုံးစုံ​တို့​ကို လူ​တို့​အား​ဟောပြော​ကြ​လော့”​ဟု ဆို​၏။ တမန်တော်​တို့​သည်​လည်း​ကြား​လျှင် အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် ရောက်လာ​ကြ​သောအခါ တရား​လွှတ်တော်​နှင့် အစ္စရေး​အမျိုးသား​တို့​၏​လူကြီး​အဖွဲ့​အားလုံး​တို့​ကို စုရုံး​စေ​ပြီးလျှင် တမန်တော်​တို့​ကို​ခေါ်လာ​ရန် အစောင့်​တပ်သား​တို့​ကို ထောင်​ခန်း​သို့​စေလွှတ်​လိုက်​ကြ​၏။