တမန်တော် 4:32-35
တမန်တော် 4:32-35 Judson Bible (JBMLE)
ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ်တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစ်စုံတစ်ခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။- သခင်ယေရှု ထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူအပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြ၏။- ထိုသူတို့တွင် ဆင်းရဲသောသူ တစ်ယောက်မျှမရှိ။ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကို ပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင်၊ ရသောအဖိုးကိုယူဆောင်ခဲ့၍၊- တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေးကမ်းကြ၏။
တမန်တော် 4:32-35 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။ တမန်တော်တို့သည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။ သူတို့ထဲတွင် ဆင်းရဲချို့တဲ့သူတစ်ယောက်မျှမရှိပေ။ အကြောင်းမူကား မြေကွက်၊ သို့မဟုတ် အိမ်ရာတို့ကို ပိုင်ဆိုင်သောသူရှိသမျှတို့သည် ၎င်းတို့ကိုရောင်းပြီးလျှင် ရရှိသောငွေများကို ယူဆောင်လာကာ တမန်တော်တို့၏ခြေရင်း၌ထား၍ တစ်ဦးချင်းစီ၌ လိုအပ်မှုရှိသည့်အတိုင်း အသီးသီးတို့အား ခွဲဝေပေးကြ၏။
တမန်တော် 4:32-35 Common Language Bible (BCL)
ယုံကြည်သူတို့သည်တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ သဖြင့် မည်သူမျှမိမိ၏ဥစ္စာပစ္စည်းများကိုမိမိပိုင် သည်ဟုမဆိုဘဲ၊ ခပ်သိမ်းသောဥစ္စာပစ္စည်းတို့ကို အများပိုင်ဘုံပစ္စည်းအဖြစ်သာလျှင်ထားရှိ ကြ၏။- တမန်တော်တို့သည်သခင်ယေရှုရှင်ပြန် ထမြောက်တော်မူခြင်းအကြောင်းကို တန်ခိုး ကြီးစွာဖြင့်သက်သေခံကြ၏။ ဘုရားသခင် သည်သူတို့အားလုံးအပေါ်သို့ကောင်းချီး မင်္ဂလာကြွယ်ဝစွာသွန်းလောင်းတော်မူ၏။- လယ်ကိုဖြစ်စေ၊ အိမ်ကိုဖြစ်စေပိုင်ဆိုင်ကြ သူတို့သည် မိမိတို့ပစ္စည်းများကိုရောင်းချ ၍ ရရှိသောငွေများကိုယူလာကာတမန် တော်တို့အားပေးအပ်ကြ၏။ ထိုနောက်တမန် တော်တို့သည်လူတိုင်းတို့အား သူတို့၏ချို့တဲ့ မှုပမာဏကိုလိုက်၍ဝေပေးကြ၏။ သို့ဖြစ် ၍ထိုလူစုအထဲတွင်ချို့တဲ့သူဟူ၍တစ်ဦး တစ်ယောက်မျှမရှိ။