YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 4:32-35

တမန်တော်ဝတ္ထု 4:32-35 MSBU

ယုံကြည်​သူ​တို့​၏​အစုအဝေး​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​၍ မည်သူ​တစ်ဦးတစ်ယောက်​က​မျှ မိမိ​ဥစ္စာ​ပစ္စည်း​များ​ကို မိမိ​ပိုင်ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိသမျှ​သော​အရာ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​သော​အရာ​အဖြစ်​ထား​ကြ​၏။ တမန်တော်​တို့​သည် သခင်​ယေရှု​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြီးစွာ​သော​တန်ခိုး​ဖြင့် သက်သေခံ​ကြ​၍ ကြီးမား​သော​ကျေးဇူး​တော်​သည် သူ​တို့​အားလုံး​အပေါ်သို့ သက်ရောက်​လေ​၏။ သူ​တို့​ထဲတွင် ဆင်းရဲ​ချို့တဲ့​သူ​တစ်ယောက်မျှ​မ​ရှိ​ပေ။ အကြောင်းမူကား မြေကွက်​၊ သို့မဟုတ် အိမ်ရာ​တို့​ကို ပိုင်ဆိုင်​သော​သူ​ရှိ​သမျှ​တို့​သည် ၎င်း​တို့​ကို​ရောင်း​ပြီးလျှင် ရရှိ​သော​ငွေ​များ​ကို ယူဆောင်​လာ​ကာ တမန်တော်​တို့​၏​ခြေ​ရင်း​၌​ထား​၍ တစ်ဦးချင်းစီ​၌ လိုအပ်​မှု​ရှိ​သည့်​အတိုင်း အသီးသီး​တို့​အား ခွဲဝေ​ပေး​ကြ​၏။