YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3:3-10

တမန်တော် 3:3-10 Judson Bible (JBMLE)

ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​ဝင်​မည် လာ​ကြ​သည်​ကို ထို​သူ​သည်​မြင်​လျှင် စွန့်​ကြဲ​ပါ​ဟု တောင်း​လေ၏။- ထို​အ​ခါ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ငါ​တို့​အား မျှော်​ကြည့်​လော့​ဟု​ဆို​လျှင်၊- ထို​သူ​သည်​တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု​စိတ်​ထင်​နှင့် တ​မန်​တော်​တို့​ကို မျှော်​ကြည့်​လျက်​နေ၏။- ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊- သူ၏​လက်​ယာ​လက်​ကို ကိုင်​ဆွဲ​ချီ​ကြွ​လေ​သော ခ​ဏ​ချင်း​တွင်၊ ခြေ​နှစ်​ဖက်​ဖ​မျက်​စိ​တို့​သည် စွမ်း​အား​ကို​ရ​သ​ဖြင့်၊- ရုတ်​တ​ရက်​ထ၍ မတ်​တပ်​ရပ်​ပြီး​လျှင် လှမ်း​သွား​လေ၏။ သွား​လျက်၊ ခုန်​လျက်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လျက်၊ တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ဝင်​လေ၏။- ထို​သို့​လှမ်း​သွား၍ ဘု​ရား​သ​ခင်​အား ချီး​မွမ်း​သည်​ကို လူ​အ​ပေါင်း​တို့​သည် မြင်​သော​အ​ခါ၊- ထို​သူ​သည် ဗိ​မာန်​တော်၏​တင့်​တယ်​တံ​ခါး​နား​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊

တမန်တော် 3:3-10 Common Language Bible (BCL)

သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ဗိ​မာန်​တော် ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​လျှင် ကြေး​ငွေ တစ်​စုံ​တစ်​ရာ​ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း ခံ​လေ​၏။- ထို​သူ​နှစ်​ယောက်​သည်​သူ့​ကို​စေ့​စေ့​ကြည့် ကြ​၏။ ထို​နောက်​ပေ​တ​ရု​က``ငါ​တို့​ကို ကြည့်​လော့'' ဟု​ဆို​၏။- ထို​အ​ခါ​သူ​သည်​တ​မန်​တော်​တို့​ထံ​မှ ကြေး​ငွေ​တစ်​စုံ​တစ်​ရာ​ရ​ရှိ​မည်​အ​ထင် နှင့်​သူ​တို့​ကို​အာ​ရုံ​စိုက်​၍​ကြည့်​လေ​၏။- သို့​ရာ​တွင်​ပေ​တ​ရု​က``ငါ့​မှာ​ရွှေ​ငွေ​မ​ရှိ။ သို့​သော်​ရှိ​သည့်​အ​ရာ​ကို​သင့်​အား​ငါ​ပေး မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော် အား​ဖြင့်​ထ​၍​လှမ်း​သွား​လော့'' ဟု​ဆို​၏။- ထို​နောက်​သူ​၏​လက်ယာ​ဘက်​ကို​ဆွဲ​ကိုင်​ထူ​မ လိုက်​၏။ ထို​ခ​ဏ​၌​သူ​၏​ခြေ​နှင့်​ခြေ​ဖ​ဝါး များ​သည်​သန်​မာ​လာ​သ​ဖြင့်၊- သူ​သည်​ခုန်​ပေါက်​ကာ​ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​ကူး​လျက်​ဗိ​မာန်​တော်​ထဲ​သို့ လိုက်​သွား​၏။- ထို​သူ​ဤ​သို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လျက် လှမ်း​သွား​သည်​ကို​လူ အ​ပေါင်း​တို့​တွေ့​မြင်​ကြ​၏။- ထို​သူ​သည်​ဗိ​မာန်​တော်​တင့်​တယ်​တံ​ခါး​ဝ တွင် ထိုင်​နေ​လေ့​ရှိ​သည့်​သူ​တောင်း​စား​ဖြစ် ကြောင်း​ကို​မှတ်​မိ​ကြ​သ​ဖြင့် သူ​တို့​သည် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​ကို များ​စွာ​အံ့​သြ​မိန်း​မော​ကြ​၏။

တမန်တော် 3:3-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့ ဗိမာန်​တော်​ထဲသို့​ဝင်​မည်​ပြု​သည်​ကို​မြင်​သောအခါ ပေးကမ်း​စွန့်ကြဲ​ရန်​တောင်းခံ​လေ​၏။ ပေတရု​သည် ယောဟန်​နှင့်အတူ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ငါ​တို့​ကို​ကြည့်​ပါ”​ဟု ဆို​၏။ ထို​သူ​သည်​လည်း သူ​တို့​ထံမှ တစ်စုံတစ်ခု​ရ​မည်​ဟု​မျှော်လင့်​၍ သူ​တို့​ကို အာရုံစိုက်​လျက်​နေ​၏။ ထိုအခါ ပေတရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့သော် ရှိ​သည့်​အရာ​ကို သင့်​အား ငါ​ပေး​မည်။ နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ထ​၍ လမ်းလျှောက်​လော့”​ဟု ဆို​လျက် ထို​သူ​၏​လက်ယာ​လက်​ကို​ဆုပ်ကိုင်​၍ ထူမ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေကျင်းဝတ်​တို့​သည် ချက်ချင်း​သန်မာ​လာ​သဖြင့် သူ​သည် ထခုန်​လျက်​မတ်တတ်​ရပ်​ကာ လမ်းလျှောက်​လေ​၏။ ထို့နောက် လမ်းလျှောက်​လျက်၊ ခုန်ပေါက်​လျက်၊ ဘုရားသခင်​ကို​ချီးမွမ်း​လျက် တမန်တော်​တို့​နှင့်အတူ ဗိမာန်​တော်​ထဲသို့​ဝင်​လေ​၏။ ထိုအခါ လူ​အပေါင်း​တို့​သည် လမ်းလျှောက်​လျက် ဘုရားသခင်​ကို​ချီးမွမ်း​နေ​သော ထို​သူ​ကို​မြင်​၍ သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။