YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3:19-21

တမန်တော် 3:19-21 Judson Bible (JBMLE)

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊- သင်​တို့​အ​ဖို့​အ​လို​ငှာ ခန့်​ထား​တော်​မူ​နှင့်​သော ယေ​ရှု​ခ​ရစ်​ကို စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ သင်​တို့ အ​ပြစ်​များ​ကို ပြေ​စေ​ခြင်း​ငှာ နောင်​တ​ရ၍ စိတ်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။- က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။

တမန်တော် 3:19-21 Common Language Bible (BCL)

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊- ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ဝိ​ညာဉ်​ခွန်​အား သက်​ရောက်​ရာ​အ​ချိန်​ကာ​လ​ရောက်​လာ​လျက် သင်​တို့​အ​ဖို့​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​တည်း​ဟူ​သော​သ​ခင်​ယေ​ရှု ကို သင်​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။- ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။

တမန်တော် 3:19-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။ ဤသည်ကား ထာဝရ​ဘုရား​ထံ​တော်​မှ နှစ်သိမ့်​လန်းဆန်း​ရာ​အချိန်အခါ​များ​ကျရောက်​လာ​၍ သင်​တို့​အတွက် ကြိုတင်​ခန့်ထား​တော်မူ​သည့် ခရစ်တော်​တည်းဟူသော​ယေရှု​ကို စေလွှတ်​တော်မူ​ရန်​ဖြစ်​၏။ ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။