YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 3:15-18

တမန်တော် 3:15-18 Judson Bible (JBMLE)

အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။- ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ထို​သ​ခင်၏​နာ​မ​တော်​သည် သင်​တို့​သိ​မြင်​သော ဤ​သူ​အား အ​စွမ်း​ကို ပေး​တော်​မူ​ပြီ။ ထို​သ​ခင်​ကြောင့်​ရ​သော ယုံ​ကြည်​ခြင်း​သည် သင်​တို့​မျက်​မှောက်​တွင် ဤ​သူ၌​စေ့​စုံ​ခြင်း အ​ခွင့်​ကို​ပေး၍​ရှိ​လေ​ပြီ။ ယ​ခု​လည်း ညီ​အစ်​ကို​တို့၊ သင်​တို့​မှ​စ၍ အ​စိုး​ရ​သော​သူ​တို့​သည် မ​သိ​ဘဲ​လျက် ထို​သို့​ပြု​ကြ​သည်​ကို ငါ​သိ၏။- ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။

တမန်တော် 3:15-18 Common Language Bible (BCL)

အ​သက်​ပိုင်​ရှင်​ကို​မူ​သတ်​ဖြတ်​စေ​ခဲ့​ကြ​၏။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ ကြောင်း​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ကြ​၏။- ထို​အ​ရှင်​၏​နာ​မ​တော်​တန်​ခိုး​အား​ဖြင့် ဤ ခြေ​မ​စွမ်း​မ​သန်​သူ​သည်​စွမ်း​သန်​၍​လာ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ယ​ခု​သင်​တို့​တွေ့​မြင်​ကြ​ရ​သည့် အ​မှု​အ​ရာ​သည်​ဖြစ်​ပွား​ခဲ့​၏။ သင်​တို့​တွေ့ မြင်​သည့်​အ​တိုင်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် ခြင်း​က​သာ​လျှင် ထို​သူ​အား​ကျန်း​မာ​လာ စေ​ခြင်း​ဖြစ်​၏။'' ``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။- မေ​ရှိ​ယ​သည်​အ​သေ​ခံ​တော်​မူ​ရ​မည်​ဖြစ် ကြောင်း ပ​ရော​ဖက်​အ​ပေါင်း​တို့​အား​ဖြင့်၊ ဘု​ရား သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​ဖြစ် ပျက်​ရ​ခြင်း​ကား​ထို​ဗျာ​ဒိတ်​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​တည်း။

တမန်တော် 3:15-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အသက်​ပေးပိုင်​သော​အရှင်​ကို​မူ သင်​တို့​ကွပ်မျက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​သည် ဤ​အမှုအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ထို​အရှင်​၏​နာမ​တော်​သည် ယခု​သင်​တို့​မြင်​၍ သင်​တို့​သိ​သော​ဤ​သူ​အား ထို​နာမ​တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် သန်စွမ်း​စေ​ပြီး ထို​အရှင်​အားဖြင့် ရရှိ​သော​ယုံကြည်​ခြင်း​သည် သင်​တို့​အားလုံး​ရှေ့၌ သူ့​ကို ပကတိ​စုံလင်​ခြင်း​ပေး​လေ​၏။ သို့ဖြစ်၍ ညီအစ်ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အကြီးအကဲ​များ​နည်းတူ မသိနားမလည်​သောကြောင့် ထိုသို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။ သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။