YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 20:17-19

တမန်တော် 20:17-19 Judson Bible (JBMLE)

မိ​လက်​မြို့​သို့​ရောက်​မှ ပေါ​လု​သည် ဧ​ဖက်​မြို့​သို့ စေ​လွှတ်၍ သင်း​အုပ်​များ​ကို ခေါ်​လေ၏။- သူ​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​သည် အာ​ရှိ​ပြည်​သို့​ရောက်​သော နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သင်​တို့​ရှေ့​မှာ အ​ဘယ်​သို့ ကျင့်​နေ​သည်​ကို သင်​တို့​သိ​ကြ၏။- အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။

တမန်တော် 20:17-19 Common Language Bible (BCL)

သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​ဖက်​မြို့​အ​သင်း​တော် လူ​ကြီး​တို့​အား မိ​မိ​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် မိ​လက်​မြို့​မှ​လူ​လွှတ်​အ​ကြောင်း​ကြား​လိုက်​၏။- ထို​သူ​တို့​ရောက်​ရှိ​ကြ​သော​အ​ခါ​ပေါ​လု​က ``ငါ သည်​အာ​ရှ​နယ်​သို့​ရောက်​သည့်​နေ့​မှ​စ​၍ သင်​တို့ နှင့်​အ​တူ​ရှိ​နေ​သည့်​အ​ချိန်​ကာ​လ​တစ်​လျှောက် လုံး​တွင် မည်​သို့​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို​သင် တို့​အ​သိ​ပင်​ဖြစ်​၏။- ယု​ဒ​အ​မျိုး​သား​တို့​၏​မ​သ​မာ​သော​အ​ကြံ အ​စည်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​ချိန်​တွင် ငါ​သည်​မျက်​ရည်​ကျ​လျက်​စိတ် နှ​လုံး​နှိမ့်​ချ​ကာ သ​ခင်​ဘု​ရား​၏​အ​စေ​ခံ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​၏။

တမန်တော် 20:17-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။ သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။