YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:42-47

တမန်တော် 2:42-47 Judson Bible (JBMLE)

ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။ လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ခြင်း​ရှိ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​ကြ၏။- ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​သည် တ​စ်စု​တစ်​ဝေး​တည်း​နေ​ကြ​သ​ဖြင့်၊ မိ​မိ​တို့၌​ရှိ​သ​မျှ​ကို ဆက်​ဆံ၍ သုံး​ဆောင်​ကြ၏။- မိ​မိ​တို့​ဥ​စ္စာ​ပ​စ္စည်း​များ​ကို ရောင်း​ပြီး​လျှင်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ခြင်း​ကို ပြု​ကြ၏။- ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။- ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

တမန်တော် 2:42-47 Common Language Bible (BCL)

ထို​သူ​တို့​သည်​တ​မန်​တော်​တို့​၏​ဆုံး​မ​သြ​ဝါ​ဒ ကို​ခံ​ယူ​ခြင်း၊ စု​ပေါင်း​နေ​ထိုင်​စား​သောက်​ခြင်း၊ ပွဲ တော်​မင်္ဂ​လာ​ဝင်​ခြင်း၊ အ​တူ​တ​ကွ​ဆု​တောင်း​ပတ္ထ​နာ ပြု​ခြင်း​တို့​ဖြင့်​အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​၏။ တ​မန်​တော်​တို့​သည်​များ​စွာ​သော​အံ့​သြ​ဖွယ် ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ သ​ဖြင့် လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြောက် လန့်​ကြ​ကုန်​၏။- ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် တစ် စု​တစ်​ဝေး​တည်း​နေ​ထိုင်​၍ မိ​မိ​တို့​ဥစ္စာ​ပစ္စည်း များ​ကို​ဝေ​မျှ​သုံး​ဆောင်​ကြ​လေ​သည်။- သူ​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို ရောင်း​ချ​၍ ချို့​တဲ့​သူ​များ​အား​ချို့​တဲ့​မှု ပ​မာ​ဏ​အ​တိုင်း​ဝေ​မျှ​ကြ​၏။- သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။- သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​မျက်​နှာ ပွင့်​လန်း​လျက်​ရှိ​ကြ​၏။ သ​ခင်​ဘု​ရား​သည်​ကယ် တင်​ခြင်း​ခံ​ရ​သူ​အ​ရေ​အ​တွက်​ကို နေ့​စဉ်​နေ့ တိုင်း​တိုး​ပွား​စေ​တော်​မူ​၏။

တမန်တော် 2:42-47 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​သူ​တို့​သည် တမန်တော်​တို့​၏​သွန်သင်​ချက်​ကို​ခံယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်သဟာယ​ဖွဲ့​ခြင်း​နှင့် ဆုတောင်း​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​၏။ လူ​အပေါင်း​တို့​၌ ကြောက်​စိတ်​ဖြစ်ပေါ်​ကြ​ပြီး တမန်တော်​တို့​သည်​လည်း များစွာ​သော​အံ့ဩဖွယ်ရာ​များ​နှင့် နိမိတ်​လက္ခဏာ​တို့​ကို​ပြု​ကြ​၏။ ယုံကြည်​သူ​အားလုံး​တို့​သည် တစ်စုတစ်ဝေး​တည်း​နေ​လျက် ရှိသမျှ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​ကြ​ကာ ဥစ္စာ​ပစ္စည်း​များ​နှင့် မိမိ​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို ရောင်းချ​ပြီးလျှင် ၎င်း​တို့​ကို တစ်ဦးချင်းစီ​၌​လိုအပ်​မှု​ရှိ​သည့်​အတိုင်း အားလုံး​တို့​အား ခွဲဝေ​ပေးကမ်း​ကြ​၏။ သူ​တို့​သည် နေ့တိုင်း တညီတညွတ်တည်း​ဖြင့် ဗိမာန်​တော်​၌ အစဉ်တစိုက်​စုဝေး​ကြ​၍ တစ်အိမ်​ပြီး​တစ်အိမ်​မုန့်​ဖဲ့​ခြင်း​အမှု​ကို​ပြု​လျက် စေတနာ​စိတ်​နှင့်​ရွှင်မြူး​သော​စိတ်​တို့​ဖြင့် အစားအစာ​ကို ဝေမျှ​စား​သောက်​ကြ​ကာ ဘုရားသခင်​ကို​ချီးမွမ်း​လျက် လူ​အပေါင်း​တို့​ရှေ့တွင် မျက်နှာရ​ကြ​၏။ သခင်​ဘုရား​သည်​လည်း ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို နေ့​စဉ်​နှင့်အမျှ​တိုးပွား​စေ​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။